~ အခန်း ၂၆ ~ တံခါးပိတ်ကျင့်ကြံခြင်း

563 98 5
                                    

{ UNICODE }

မင်ရည်ကဲ့သို့ က်မှောင်နေသော သူဆံပင်မှာ ယခုတွင်မူ အဖြူရောင်သို့ ပြောင်းလို့နေ၏!

~~~~~

မော့ထျန်းလျောင်မှာ စူးစမ်းစွာဖြင့် အနှီကျားသားမွေးခင်းကြီးကို စိုက်ကြည့်လိုက်သည်။ ယင်းသတ္တဝါကြီးတွင် သိဒ္ဓိစွမ်းအင်များနှင့် ဇီဝဓာတ်များမှာ ပြည့်ဝနေလျက်။ ထို့ကြောင့်ပင် အနှီသတ္တဝါကြီးမှာ အဆင့်မြင့်သည့် မိစ္ဆာသားရဲတစ်ကောင်ပင် ဖြစ်ရမည်။

" ဘာလဲ? "

ချင်းထုံက စာအုပ်ကိုချလိုက်ပြီး ခြေထောက်တို့ကို လှုပ်ရှားလိုက်၍ ထိုကျားကြီး၏ အမွေးပွခေါင်းပေါ်တင်လိုက်ပြီး ဖိချလိုက်၏။

မော့ထျန်းလျောင်မှာ သတိပြန်လည်လာပြီး ဘေးဘီကို လျှောက်ကြည့်လိုက်၏။ ပုန်းနေနိုင်ပေသည့် ရှစ်ရှုန်းဟုဝေးစွ ဆံချည်တစ်မျှင်ပေ သူမတွေ့ ၊ ရှစ်စွင်းကိုလည်း မမေးရဲပေ ၊ ရှစ်စွင်းအား လာတွေ့သည်လည်း မဟုတ်တန်၍ အခြားတစ်ယောက်ကို သွားရှာခြင်းသည်လည်း ဖြစ်နိုင်ပေသည်။ သူ့တွင် ရွေးချယ်စရာမရှိတော့သည့်အလား အိတ်ကပ်ထဲမှ ကျောက်စိမ်းသေတ္တာကိုထုတ်၍။

" ဒါက ရှုစ်ရှုန်း ခရီးသွားနေတဲ့အချိန်တွင်းမှာ အပတ်တကုတ်ကြိုးစားရင်း ရလာတဲ့ ချီစွမ်းအင်စုစည်းတဲ့အသီးပါ။ ရှစ်စွင်းဆီ ယူလာပေးဖို့ ကျွန်တော့ဆီ အပ်ထားတာနဲ့ ယူလာတာပါ "

ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသည့် ကျားကြီးက နားရွက်များကို လှုပ်လိုက်၏။ သူ၏ရှစ်တိမှာ အလွန်ပင်ကြင်နာတတ်သည်ဟု ကိုယ်ဘာသာကိုယ်ပင် တွေးနေလေရင်း မလှုပ်မယှက်ပင် ပြန်လှဲနေလိုက်ပြီး စိတ်ချလက်ချ ဖြစ်သွားတော့သည်။

ချင်းထုံမှာ လက်ကိုမြှောက်လိုက်ပြီး ကျောက်စိမ်းသေတ္တာအတွင်းမှ အထူးကောင်းမွန်လှသည့် ဝိညာဉ်စုစည်းတြိပိုးစားသီးကို ကောက်ယူလိုက်ပြီး ခြေမထိပ်ဖြင့် အောက်မှကျားသတ္တဝါ၏နားရွက်ကို ပုတ်လိုက်၏။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now