~ အခန်း ၂၈ ~ မဟားတရားချောနေမှု

634 103 9
                                    

{ UNICODE }

ဘိုးဘေးများ ချမှတ်ခဲ့သည့် စည်းကမ်းများ : ရုပ်ဆိုးသည့်သူများကို လက်မခံ

~~~~~

ဝေါ့ရွှမ်းနန်းမြိုင်ထဲတွင် ရွှမ်ကျီးကျန်းရန်သည် ရေကန်နံဘေးတွင် လက်နောက်ပစ်၍ရပ်နေပြီး ကောင်းကင်သို့တက်သွားသည့် အလင်းတန်းနှစ်ခုကို ကြည့်နေလိုက်သည်။

" ဒီ ချင်းထုံရဲ့ တပည့်အသစ်က တကယ်ကို ထူးခြားတာပဲ ၊ တစ်နှစ်တောင်မရှိသေးဘဲ အခြေတည်အဆင့်ပြီးသွားတယ် "

" ဒီစူးရှတဲ့ဟာ‌တွေ ... ဘာအစွမ်းပါလိမ့် "

မြွေလိမ်တံတားပေါ်တွင် မတ်တတ်ရပ်နေသည့် ယွမ်ဟိုင်က ဖြည်းညင်းစွာပြောလိုက်သည်။

" အသေအချာပဲ ... အဲဒါ ကောင်းကင်ဘုံဒြပ်စင်စွမ်းအင် ပိုင်ဆိုင်ထားတဲ့သူထက်တောင် မြန်သေးတယ် "

ဟွားချင်းက လမ်းလျှောက်လာရင်းနှင့် ပြောလိုက်ပြီး ယွီလီအား တံတောင်ဖြင့်တွတ်လိုက်သည်။

" အာ ... ဟုတ်တာပေါ့ "

ယွီလီကပြန်ပြောလိုက်၏။

အနှီစကားသံများကို နားထောင်ပြီးနောက် ချန်းရှီးမှာ တိတ်တဆိတ်ပင် လက်သီးဆုပ်ထားမိ၏။ တစ်နှစ်တည်းနှင့် ချီသန့်စင်ခြင်းကို တတိယအဆင့်အထိ ရောက်ရှိသွားခဲ့၍ မိမိကိုယ်ကို ဥာဏ်ကြီးရှင် ထင်နေခဲ့မိသည်။ ဒီလို ဒြပ်စင်နှစ်ခုနဲ့ အမှိုက်လိုကောင်က အခြေခံအဆင့်တည်ဆောက်တဲ့အထိ ရောက်သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ? ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ!? သူ၏အင်္ကျီလက်ထဲမှ အေးစက်စက် ကြွေပုလင်းကို စမ်းမိလိုက်ရင်း ချက်ချင်းပင် သဘောပေါက်သွားလေသည်။ ဟုတ်ပေသည် ၊ ဤသည်မှာ ရှစ်ရှုန်းပေးလိုက်သည့် လျှို့ဝှက်ဆေးကြောင့်ပင် ဖြစ်ရမည်။

ရှစ်ဇွင်းနှင့် ဆရာတူအစ်ကို၏ အကြည့်များကို တွေ့မြင်လိုက်ရင်း ချန်းရှီးမှာ ယခုညတွင်ပင် အနှီလျို့ဝှက်ဆေးကို သောက်သုံးလိုက်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။ သူသည်လည်း အခြေတည်အဆင့်တည်ဆောက်ရာတွင် တိုးတက်မှုနှုန်းမြန်အောင် လုပ်ဆောင်ရပေတော့မည်။ ဒါမှသာ အနှီအတွင်းဆောင်တပည့်သည်လည်း ထိုဆေးကိုယူရန် တတ်နိုင်တော့မည်မဟုတ်‌ပေ။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now