~အခန်း ၁၅~ အရောင်းအဝယ် လုပ်ခြင်း

905 159 3
                                    

{ Unicode }

ကျွန်တော် သားမွေးနဲ့ သေရည်နဲ့လဲမယ် ... လူကြီးမင်းကတော့ ရတနာဓားတစ်လက် ဝယ်လိုက်ပါ

~~~~~

မော့ထျန်းလျောင်သည် ချင်းနင်နန်းတော်သို့ အသိပေးရန်သွားလိုက်ပြီး တောင်အောက်ဆင်း၍ မြို့ထဲသို့လှည့်ပတ်ကြည့်မည်ဖြစ်ကြောင်း၊ ရက်အနည်းငယ်မှ ပြန်လာဖြစ်မည်ဖြစ်ကြောင်းကို ရှစ်စွင်းအတွက် အသံဆင့်စာတစ်ခု ထားခဲ့လိုက်သည်။ ထို့နောက် သူ၏ကြောင်လေးကိုခေါ်ပြီး ဝေါ့ယွင်ဂိုဏ်းမှ ထွက်လာခဲ့တော့သည်။

ဝေါ့ယွင်ဂိုဏ်းသည် သာမန်ဂိုဏ်းသားတပည့်များအပေါ်တွင် တင်းကျပ်‌ပေသည်။ ထိုကဲ့သို့ ဂိုဏ်းပြင်သို့ ထွက်သွားမည်ဆိုလျှင် ကြိုတင်၍အသိပေးရပြီး သွားနိုင်မည့်ရက်ကိုလည်း ကန့်သတ်ထားသည်ပင်။ မော့ထျန်းလျောင်ကဲ့သို့သော ချီစွမ်းအင်ကျင့်ကြံသည့် ‌ဆဌမအဆင့်ရောက် တပည့်များမှာတော့ တစ်နှစ်လျှင် အများဆုံးခြောက်ရက်သာ ဂိုဏ်းပြင်သို့ထွက်ခွင့်ရှိ၏။

သို့သော်ငြားလည်း အတွင်းဆောင်တပည့်များအတွက်မူ ဤကဲ့သို့သောကန့်သတ်ချက်မျိုး အလျဉ်းမရှိ။ သူတို့၏ရှစ်စွင်းများ သဘောတူညီသည့်ကာလတစ်လျောက်လုံး ကြိုက်သည့်အချိန်၌ ဂိုဏ်းပြင်သို့ထွက်ခွင့်ရှိသည်။ ထပ်လောင်းပြောရလျှင် မော့ထျန်းလျောင်၏ ရှစ်စွင်းက " မင်းလုပ်တာရှိရင် လုပ်သာလုပ် " ဟုလည်း ပြောထားလေသည်သာ။

မော့ထျန်းလျောင်သည် သူ၏ရှစ်ကျီတို့ထံမှ တောင်အောက် မိုင်ငါးဆယ်အကွာတွင် ကျင့်ကြံသူတို့အတွက် ဈေးတစ်ဈေးရှိသည်ဟု ကြားခဲ့ရ၏။

တောင်အောက်ဆင်းသည့်လမ်းတစ်လျှောက် တောရိုင်းပန်းတို့က အုပ်လိုက်ပွင့်လျက်ရှိပြီး ချုံပုတ်များပေါ်တွက် လိပ်ပြာငယ်တို့က ဝဲပျံနေလျက်ရှိ၏။ မော့ထျန်းလျောင်လက်မောင်းထက်ရှိ ကြောင်လေးက အောက်ဆင်းချင်၍ ရုန်းနေလေသည်။ မတတ်နိုင်သည့်အဆုံးတွင်တော့ အောက်သို့ချပေးလိုက်ရတော့သည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now