~ အခန်း ၃၄ ~ ပြောင်ပြောင်တင်းတင်းလုပ်ခြင်း

753 87 5
                                    

{ UNICODE }

ကြည့်တာတော့ ကျားရေခွံနဲ့ ကော်ဇော အလုပ်ခံတော့မယ်နဲ့တူတယ်!

~~~~~

မော့ထျန်းလျောင်လည်း ရှက်ကိုးရှက်ကန်းဖြင့် ပြန်လှဲလိုက်ပြီး သူ့ထံသို့ ခေါင်းစောင်းနေသောကြောင်လေးထံသို့ ပြန်စောင်းငဲ့လိုက်သည်။

အဖြူရောင်အလင်းတစ်ခုမှာ ဖျက်ခနဲလင်းသွားပြီး ပါးလွှာနူးညံ့သည့်ဝတ်ရုံဖြူနှင့် လှပလေသော အမျိုးသားတစ်ယောက်သည် သူ၏ဦးခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်ထားလျက် မော့ထျန်းလျောင်၏ခုတင်ပေါ်တွင် ပေါ်လာလေ၏။

" မင်း ရက်ပေါင်းများစွာ ကြိုးကြိုးစားစားလုပ်နေတယ်ဆိုတာ ဒါ့ကြောင့်လား? "

ကြည်လင်သည့်ထိုအသံက မော့ထျန်းလျောင်၏နားထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပြီး အသက်ရှုသံညှင်းညှင်းလေးက သူ့နားကို လာရောက်ရိုက်ခတ်နေလေသည်။ အနှီပြီးပြည့်စုံလှသည့် မျက်နှာလှလှမှာ ရုတ်တရက်ကြီး သူနှင့် အလွန်တရာနီးကပ်လာသဖြင့် မော့ထျန်းလျောင်မှာ ခေတ္တမျှ အေးခဲသွားရတော့၏။

" ရှစ်ဇွင်း ... "

အချောအလှနှစ်ယောက်၏ မျက်နှာတို့မှာ နီးကပ်လာသည်နှင့်အမျှ ဖြူဖျော့လာ၏။ သို့သော်လည်း သူ့မျက်နှာရှေ့ကမျက်နှာနှင့် ပိုပြီးနီးလာလေလေ သူ့ခံစားချက်များ ပိုလာလေလေဖြစ်သည်။ မော့ထျန်းလျောင် သူ၏ရှစ်ဇွင်းကို ကြည့်နေရင်းနှင့် လည်ချောင်းထဲမှာ ခြောက်လာသလိုပင် ခံစားလိုက်၏။

လက်ချောင်းသွယ်သွယ်လေးများသည် ဆန့်ထုတ်လာပြီးနောက် အဆိုပါငှက်သိုက်ထဲအလယ်မှ ဓားလေးကို ဆွဲယူလိုက်၏။ ချင်းထုံက လက်ထဲတွင် လှည့်လည်ကစားနေလိုက်ရင်း။

" ဘာအတွက် သုံးဖို့လဲ? "

" ခရီးသွားမှာဆိုတော့ လက်နက်တစ်ခုခုများ လိုမလားလို့လေ "

မော့ထျန်းလျောင်က တုန်လှုပ်စွာဖြင့် တံတွေးမြိုချလိုက်ပြီး။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now