~ အခန်း ၃၅ ~ လျို့ဟယ်

237 37 5
                                    

{UNICODE}

တစ်နေကုန်တိုင် လူတစ်ယောက်နှင့် တိရစ္ဆာန်နှစ်ကောင်တို့သည် စားသောက်နေခဲ့ကြသည်။

~~~~~

" ရှစ်တိ ... မင်းဘာလို့ အဲ့လောက်စျေးကြီးတဲ့ လက်မှုပစ္စည်းတွေကို ဝယ်လာရတာလဲ? "

မုန်းဟူသည် မော့ထျန်းလျောင်လက်ထဲရှိ ကတ္တရာခဲများကို ကြည့်၍ပြောလိုက်၏။ သူ လုံးဝကို နားမလည်ပါပေ။

အထူးလက်နက် သို့မဟုတ် ထို့ထက်မြင့်သော လက်နက်မျိုးကို ပြုလုပ်ရာတွင်လိုအပ်သည့် အရောင်လှသည့်ကျောက်တစ်မျိုးမှာ အရမ်းစျေးကြီးလှသည်တော့မဟုတ် ၊ သို့ရာတွင် ရွှမ်ယွမ်ကျောက်မှာတော့ ကွဲပြားပေသည်။ ရွှမ်ယွမ်ကျောက်အား ရှေးဟောင်းနတ်ဓားတစ်လက်ဖြစ်သော ရွှမ်ယွမ်ဓားကို ပြုလုပ်ရာတွင် အသုံးပြုခဲ့သည်ဟု ကောလာဟလများ ရှိကြသည်ပင်။ ထိုကျောက်ရိုင်းများကို ကျင်း*အရေအတွက်နှင့် ချင်တွယ်ရောင်းချပြီး ၎င်းတို့၏စျေးမှာလဲ အလွန်ကောင်းမွန်သည့် သလင်းကျောက်များနှင့် ယှဉ်နိုင်လေသည်။ မော့ထျန်းလျောင်မှာတော့ ထိုကျောက်များကိုပင် ဘာမှမဟုတ်သည့်အတိုင်း ကျင်ပေါင်းများစွာ ဝယ်ယူခဲ့သည်ပင်။

"လက်သီးဆုပ်လောက် ရွှမ်ယွမ်ကျောက်ရိုင်းကနေ ဒီလောက် သံနည်းနည်းလေးပဲရတာ"

မော့ထျန်းလျောင်က သူ့လက်သည်းခွံကိုထိုးပြရင်း ပြောလိုက်၏။

"ပစ္စည်းတစ်ခုလောက် လုပ်တာကိုပဲ အနည်းဆုံးကျင်တစ်ထောင်လောက် လိုအပ်တယ်"

ဤသည်မှာလည်း ထိုပန်းပဲသမားမှာ မတော်သော်ငြားလည်း အလေအလွင့်နည်းပါးမှသာ ထိုကျင်တစ်ထောင်သည် ဓားမြှောင်တစ်ချောင်းမျှသာ ပြုလုပ်၍ ရနိုင်လေ၏။

မုန်းဟူက သူ့ပါးစပ်ကို ဟလိုက်၏။ သူ ဒါမျိုးကို မကြားချင်ပါပေ။

မော့ထျန်းလျောင်က ပန်းပဲထုသည့်လုပ်ငန်းစဉ်အား စိတ်ရှည်စွာဖြင့် ရှင်းပြနေလိုက်သည်  ၊ ယခုတွင်ကား စိတ်အခြေနေကောင်းနေ၍ပင်တော်သေး၏ ၊ သို့မဟုတ်လျှင် ဤသို့နှယ်စကားဝိုင်းမျိုးနှင့် စိတ်အနှောင့်အယှက် အဖြစ်ခံလိမ့်မည်မဟုတ်ပါချေ။ ယခု အဆုံးသတ်အထိတိုင် သရှစ်ရှုန်းမှာ များစွာနားလည်ပုံ မပေါ်ပေ။ ဖြစ်ချင်တာသာဖြစ်ဟူ၍သာ ခေါင်းခါလိုက်ပြီး လေလံအိမ်သို့သာ ဦးတည်သွားလိုက်တော့သည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now