~ အခန်း ၂၇ ~ အခြေတည်အဆင့် စတင်ခြင်း

631 96 6
                                    

{ UNICODE }

ဘယ်သူကများ ရှစ်ဇွင်းကို ဖန်ပုတီးလုံးတွေ ပေးခဲ့တာလဲ?

~~~~~

ကျားကြီးသည် ကုတင်ရှေ့တွင် ရပ်နေလျက် အနားသို့ကပ်လာသည့်
မော့ထျန်လျောင်ကို မာန်ဖီလိုက်သည်။

ဒီရှစ်တိကတော့ တော်တော်သတ္တိကောင်းနေတာပဲ! ရှစ်ဇွင်းကိုတောင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ချင်သေးတယ်ပေါ့လေ! သေချင်နေပြီလားသိဘူး?

မော့ထျန်းလျောင်ဟာ အထိတ်တလန့်ဖြင့်ပင် သတိပြန်လည်လာပြီး ဆန့်ထုတ်ပြီးသားဖြစ်နေသည့်လက်ကို ပြန်ရုတ်လိုက်သည်။ ကုတင်ပေါ်တွင် လဲလျောင်းနေသော အလှလေးကို သူတိတ်တဆိတ်ပင် လှမ်းကြည့်လိုက်ပြီး ၊ သူ့လက်များသည်  ဝတ်ရုံလက်အတွင်း၌ပင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် ၊ သွေးကြောများက ထင်းခနဲ။ ထို့နောက်တွင်တော့ လက်ကိုပြန်ဖြည်လိုက်ပြီး ဘာမျှမဖြစ်ခဲ့သလိုပင် နောက်လှည့်ကာ ထွက်သွားတော့၏။ သူနှင့်အတူ ကျားကြီးကိုပါ ဆွဲသွားလျက်နှင့်။

ဝိညာဉ်စုစည်းတြိပိုးစာသီးသည် ဝိညာဉ်အား အလုံထုပ်လိုက်သည်ဖြစ်ပြီး ထိုအချိန်အတွင်း ပျက်စီးနေသည့်ဝိညာဉ်အဟူကို ထိန်းသိမ်းရန်မှာ မလွယ်ကူပေ။ ထိုသို့ဖြစ်ခြင်းက ရက်ပေါင်းများစွာ အိပ်စက်ခြင်းကို ဖြစ်စေသည်သာ။

ကျောက်စိမ်းပေလိပ် အပိုင်းအစထဲမှ ကောင်းကင်ဘုံအဆင့် သစ်သီးအကြောင်းကို ပြန်လည်စဉ်းစားမိပြီးနောက်တွင်တော့ မော့ထျန်းလျောင်ခေါင်းငုံ့မိ၏။ ထိန်းချုပ်ဖို့ ခက်ခဲတာလား?

ရှစ်ဇွင်း တံခါးပိတ်ကျင့်ကြံနေသည့် အချိန်အတောအတွင်း မော့ထျန်းလျောင်အနေနှင့် ထပ်မံ၍ နှောင့်ယှက်တော့မည်မဟုတ်။ အနောက်ဖက်တောင်စောင်းတွင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားပေတော့မည်။

သစ်သီးမွှေးပင်အချို့ကို ခုတ်ယူလိုက်ပြီး ပိုင်းလိုက်ကာ သစ်သားချီစွမ်းအင်ဖြင့် ဖောက်ထွင်းလိုက်သည် ၊ ပြီးလျှင် မီးချီစွမ်းအင်ကို အသုံးပြု၍ သစ်များကို ပိုမိုလောင်ကျွမ်းစေလိုက်ပြီး ရနံ့များကို ပိုမိုထွက်လာအောင်လုပ်လိုက်၏။ ထို့နောက် သိဒ္ဓိစွမ်းအင်ရှိသည့် တောင်ဆိတ်တစ်ကောင်ကို ဖမ်း၍ ၊ ခုတ်ထစ် ၊ အရေခွံစုတ်၍ မီးရဲရဲနှင့် ကင်လေ၏။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now