~ အခန်း ၃၂ ~ ထိုက်ရှီး

543 92 3
                                    

{ UNICODE }

ထိုကဲ့သို့သော ကံကြမ္မာဆိုးမှ ပြန်လည်ရှင်သန်မွေးဖွားလာသည့်တိုင်အောင် အဘယ့်ကြောင့် ထိုဂြိုဟ်ဆိုးကိုရှာရန် သွားဦးမည်နည်း?

~~~~~

မော့ထျန်းလျောင် ရပ်တန့်လိုက်၏။ ထိုအပြုအမူနှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေကြောင်း သိလိုက်လေပြီ။ ဘယ်လိုတပည့်မျိုးက ဆရာဖြစ်သူကို ထိုကဲ့သို့ လက်မောင်းထက်ဝယ် ပွေ့ဖက်ထားမည်နည်း? သူ ချောင်းဟန့်လိုက်ပြီး။

" ရှစ်ဇွင်းက နောက်တစ်ကြိမ် မေ့လဲသွားတာပဲ။ ကျွန်တော် သူ့ကို အိပ်ရာပေါ် ခေါ်သွားလိုက်ဦးမယ် "

မည်သို့ပင်ဆိုစေကာမူ ထိုသူ၏ လက်မောင်းထက်ရှိ အမျိုးသားမှာတော့ သူ၏ရည်ရွယ်ချက်ကို လုံးဝနားမလည်ပေ။ ထို့ကြောင့် မော့ထျန်းလျောင်အား ဘေးသို့ တွန်းထုတ်လိုက်ပြီး နောက်စေ့အား ရိုက်ထည့်လိုက်သည်။ ချင်းထုံသည် ရှုပ်ပွနေသည့် နှင်းတမျှသောဆံဖြူတို့ကို သပ်ချလိုက်ပြီး လှပသောမျက်လုံးတစ်စုံဖြင့် သူ့အား စိုက်ကြည့်လိုက်သည်။

" တပည့်မိုက် ... ဒီကကိုယ်တော်ရဲ့ ဆံပင်ကိုတောင် ဖွရဲတယ်ပေါ့! "

မော့ထျန်းလျောင်မှာ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး နှုတ်ခမ်းကိုက်လိုက်ကာ ဂိုဏ်းချုပ်ကို လှည့်ကြည့်လိုက်သည်။

ဂိုဏ်းချုပ်မှာ ဆံဖြူတို့နှင့်ပတ်သက်၍ အံ့ဩခြင်းအလျဉ်းမရှိသော်ငြား ယခု ထိုနှစ်ယောက်၏ အပြုအမူကြောင့် အံ့အားသင့်သွားသည်သာ။

" မင်း ... မင်းတို့နှစ်ယောက် ... "

မော့ထျန်းလျောင်မှာ ဒုတိယမ္ပိစိတ်ရှုပ်သွားသော်လည်း မထုတ်ဖော်ပြခဲ့။ ထို့နောက် ကြမ်းပြင်ပေါ်မှ ထလိုက်ကာ သက်ပြင်းချလိုက်သည်။ ချင်းထုံမှာ ဝိညာဉ်ထိခိုက်ထားသည့်တိုင် နှစ်များစွာတိုင် ရှင်သန်နေနိုင်သည်ကို ဂိုဏ်းချုပ်က သိထားပြီးဖြစ်၍ သူ မိစ္ဆာသားရဲတစ်ကောင် ဖြစ်ကြောင်းကိုလည်း သေချာပေါက်ပင် သိထားပေလိမ့်မည်။ မော့ထျန်းလျောင်သည် ပါးစပ်ဟလျက်ဖြစ်နေသော ကျားကြီးထံသို့ လှမ်းကြည့်လိုက်ပြီးနောက် မသိမသာ မျက်မှောင်ကြုတ်သွားလေသည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now