~ အခန်း ၃၃ ~ အပြင်ထွက်ခြင်း

560 92 2
                                    

{ UNICODE }

အနှီအမွေးလုံးလေးမှာ သူ၏ရှစ်ဇွင်းဖြစ်နေပြီကို မေ့သွားသည်ဖြစ်ပြီး နောက်နောင်လည်း သူကြိုက်နှစ်သက်သလို နမ်းချင်တိုင်း နမ်းလို့တော့မည်မဟုတ်ပါပေ

~~~~~

ကျားကြီးသည် လက်မခံနိုင်စွာပင် သူ့ရှစ်ဇွင်း၏ ခြေထောက်အား ခါရမ်းလိုက်ပြန်သည်။

" ကျွန်တော့်ကိုလည်း သွားခွင့်ပေးပါ ၊ ရှစ်ဇွင်းနဲ့ ရှစ်တိက စွန့်စားရမှာကို နားမလည်ပါဘူး "

သူ တကယ်ပင် ထိုအကြောင်းကို တွေးမိလိုက်သည့်အခါတွင် ... ယခုထွက်လာသည့် ဒီနှစ်ယောက်တွင် ၊ တစ်ယောက်မှာ အခြေတည်အဆင့်အား ရောက်ရှိပြီးစဖြစ်ပြီး ၊ နောက်တစ်ယောက်၏ဝိညာဥ်မှာလည်း မပြည့်စုံ‌သေးပင် ... သူကျိန်းသေ စိုးရိမ်ရပါသည်။

မော့ထျန်းလျောင်သည် ကျားကြီး၏ ဟိန်းသံနှင့် အော်သံများသာ ကြားရပြီး တစ်မျိုးတစ်ဖုံ ထူးဆန်းပေ၏။

" သူ ဘာတွေပြောနေတာလဲ? "

သူအရင်က တွေးမိသည်မှာ ထိုကျားသည် ရှစ်ဇွင်း၏ မိစ္ဆာသားရဲဖြစ်လိမ့်မည်ဟုပင် ၊ ယခုမူ ရှစ်ဇွင်းသည် သူ၏မော့ရှောင်းကျောက်သာဖြစ်ကြောင်း သိလိုက်လေပြီ။ မိစ္ဆာသားရဲဖြစ်သည့်အလျောက် တခြားမိစ္ဆာသားရဲနှင့် သွေးစာချုပ်ချုပ်ရန်မှာ ပင်ကိုအားဖြင့် မဖြစ်နိုင်ပေ။ မော့ထျန်းလျောင်သည် သူ၏မျက်လုံးများကို မှေးလိုက်ပြီးနောက် ထိုကျား၏ခေါင်းကိုပုတ်ရန် သူ၏လက်ကိုမြှောက်လိုက်သည်။

ချင်းထုံမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

" သူလည်း လိုက်လိမ့်မယ် "

" အဲဒါကြီးက ဘယ်လိုလုပ် အလုပ်ဖြစ်မလဲ။ သူက သွေးစာချုပ်မပါတဲ့ အဆင့်မြင့်မိစ္ဆာသားရဲလေ "

မော့ထျန်းလျောင် သူ့ခေါင်းအား တွင်တွင်ခါရမ်းလိုက်သည်။ အဆင့်မြင့် မိစ္ဆာသားရဲများသည် အဆင့်မြင့်ကျင့်ကြံသူများအတွက် အမြဲတစေ ရုန်းကန်ကြသောအရာတစ်ခုပင်။ အကယ်၍သာ သူတို့က အနှီကျားသတ္တဝါကို အပြင်‌ခေါ်သွားခဲ့လျှင် သူ၏မပြီးစီးသေးသော နတ်လက်နတ်ထက် မငယ်သည့်ရန်သူများ သတိထားမိစေမည့် ပစ်မှတ်တစ်ခု ဖြစ်စေလိမ့်မည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now