~ အခန်း ၂၀ ~ တဏှာရာဂတို့ကို ဖြတ်တောက်ခြင်း

1K 140 6
                                    

{ Unicode }

မော့ထျန်းလျောင်သည် တံတွေးမြိုချလိုက်ပြီး တိတ်တဆိတ်ပင် သတိပေးနေလိုက်သည်။

ဒါ ရှစ်စွင်းနော် ... ဒါ ရှစ်စွင်း !

~~~~~

" ချင်း ... ချင်းထုံ ကျန်းရန် ... "

ရွှေအမြုတေကျင့်ကြံသူမှာ ကြောက်လန့်၍ ဖြူဆုတ်သွားလေပြီး နောက်သို့ပင် ခြေလှမ်းဆုတ်မိ၏။ လက်များကမူ မြှောက်ထားလျက်သား။

ယခုရက်အတောအတွင်း ထိုက်ရွှမ်းတိုက်ကြီး၏ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်တို့မှာ ပို၍ပို၍မသန့်စင် ဖြစ်လာနေ၏။ သိဒ္ဓိသားရဲတစ်ကောင်၏ အကူညီရှိလျှင်တောင် အဆင့်မြင့်တစ်ခုကို ရောက်ရှိဖို့ရန်မှာ အလွန်ခက်ခဲနေလေပြီ။ အခြေတည်စ ဝိဉာဉ်စွမ်းအင်ကျင့်ကြံသူပင် ဂိုဏ်းချုပ်တက်လုပ်၍ ရနေပြီဖြစ်သည်။ ထိုသို့ဖြစ်နေချိန်တွင် ဝေါ့ယွင်ဂိုဏ်း၏ ဂိုဏ်းခွဲအရှင်မှာ အမတတစ်ဝက်စစ်စစ်ပင် ဖြစ်နေလေ၏!

ရွှေအမြုတေဆိုသည်မှာ အဆင့်ကောင်းကောင်းတွင် ရှိသော်လည်း မသေမျိုတစ်ဝက် ဖြစ်နေသောသူနှင့် နှိုင်းယှဉ်လိုက်လျှင် တီကောင်သာသာမျှသာ ရှိနေ‌သေးသည်ပင်။

ချီစွမ်းအင်သန့်စင်ဆဲဖြစ်သည့် ကျင့်ကြံသူမှာလည်း မှင်သက်သွားလေသည်။ သူသည်လည်း ဂိုဏ်းအကြီးအကဲနှင့်အတူ ဂိုဏ်းပေါင်းစုံအစည်းဝေးသို့ တက်ရောက်ခဲ့ခြင်းဖြစ်၏။ သဘာဝအားဖြင့်ဆိုလျှင် သူသည်လည်း ချင်းထုံကို တွေ့ဖူးသည်သာ။ နတ်သက်ကြွေသည့်အလား လှပပါပေသည့် ထိုဘိုးအေကြီးမှာ အလွန်ပင်စိတ်ပုတ်လှကြောင်း သူသိပြီးသားပင်။

" ဝေါင်း ... "

ယခုထိတိုင် မူးဝေနေသည့် ကျားသစ်လေးမှာ လေထဲတွင်လွင့်မျောနေပါသည့် အနှီအလှပဂေးလေးကိုမြင်လိုက်လျှင် အလွန်ပင်စိတ်လှုပ်ရှားသွားကာ ငိုချလိုက်လေ၏။

ကျားသစ်ပေါက်ကလေး၏ငိုသံကြောင့် ထိုသူများမှာ အသိပြန်ဝင်လာကြသည်။ ထို ချင်းယွင်ဂိုဏ်းမှ ချီစွမ်းအင်သန့်စင်ဆဲ ကျင့်ကြံသူမှာ အသက်ပြင်းပြင်းတစ်ရှိုက်ရှုပြီး ချင်းထုံကို လက်နှစ်ဖက်ယှက်၍ ဂါရဝပြုလိုက်လေ၏။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now