~ အခန်း ၃၁ ~ လျှော်ကြိုး

460 67 11
                                    

{ UNICODE }

ဒီလိုဆိုမှတော့ မင်းအားတဲ့အချိန်ကျရင်ငါ့ဆီလာပြီးလျှော်ကြိုးကူရက်ပေး

~~~~~

သံသယဖြစ်စရာ အကောင်းဆုံးသူမှာ အသစ်စက်စက်ဂိုဏ်းသားဖြစ်သည့်
ချန်းရှီးရှစ်တိဟု ဟွားချင်းခံစားမိနေသည်။ သူ မော့ထျန်းလျောင်ကို တွေ့လိုက်သည့်အချိန်တိုင်း သူ၏ လှောင်ပြောင်လိုသော မျက်နှာထားမှာ " အမှိုက်လိုကောင် "ဟု အော်ပြောနေသယောင်ရှိ၏။

ရွှမ်းကျီးက သူ၏ဒုတိယတပည့် ပြောသည်မှာ ယုတ္တိရှိသည်ဟု တွေးလိုက်ပြီး ချန်းရှီးအား မေးမြန်းရန်အတွက် ခေါ်လိုက်သည်။

ချန်းရှီးမှာ အချိန်တခဏမျှကြာအောင် ပေါ်မလာသည်ဖြစ်၍ လူတိုင်း၏ရင်ထဲရှိ မယုံသင်္ကာစိတ်က ပိုမိုနက်ရှိုင်းလာ၏။ အနက်ရောင်ဝတ်ရုံကို ခြုံလွှမ်းထားရင်း ခရုတစ်ကောင်နှယ် နှေးကွေးစွာလျှောက်လာသည့်သူတစ်ဦး ခန်းမထဲသို့ ဝင်မလာခင်အထိ ယင်းတို့ အချိန်ကြာကြာ စောင့်ခဲ့ရသည်ပင်။

" ချန်းရှီး ... မင်း ရှစ်ဇွင်းဆီလာတာကို ဘယ်လိုပုံစံမျိုးနဲ့ လာနေတာလဲ? "

ဟွားချင်းမှာ လွန်စွာပင် စိတ်အနှောင့်ယှက်ဖြစ်သည့်ပုံ ပေါ်နေပြီး သူ၏ ရောင်စုံအဝတ်ကို လှုပ်ယမ်းလိုက်၏။ ရှစ်ဇွင်းနှင့် တွေ့သည့်အခါတွင် ပိုမိုကောင်းမွန်သည့် တစ်စုံတစ်ခုကို ဝတ်လာသင့်သည် မဟုတ်တုံလော။

" ပန်းပွင့်တွေ အရမ်းများနေတာလည်း မကောင်းဘူးလေ "

ယွီလီရှစ်တိမှာလည်း မနေနိုင်မထိုင်နိုင်ပင် ရေရွတ်လိုက်သေး၏။ သူသည် ဟွားချင်း၏ ဘေးတွင်ရပ်‌နေခြင်းဖြစ်ပြီး အနှီသက်တံကဲ့သို့ ရောင်စုံဝတ်ရုံကို ကြည့်ရင်း ခေါင်းမူးလာသည်ဟုပင် ခံစားလိုက်ရသည်။

" မင်းဘာသိလို့လဲ! "
ဟွားချင်းက သူ့လက်ကို မြှောက်လိုက်ပြီး ရှစ်တ၏ ခေါင်ကိုခေါက်ထည့်လိုက်သည်။

" ဒါကို ချိုက်ယီးယွိချင်း လို့ခေါ်တယ်ကွ "

အနှီအရွယ်ရောက်ပြီးသည့် အမျိုးသားသည် အမြဲတစေ ကျော်ကြားသည့် တေးသမငယ်ပမာ ဝတ်ဆင်သောကြောင့် သူ့အား အကြိမ်ပေါင်းများစွာ " ရှစ်ကျယ်" ဟုမှားယွင်းကြသည်။ ယွီလီ မှာ ထိုသူ့အပေါ် ဖွီးခနဲရေပြွတ်နှင့် ထိုးလိုက်ချင်မိသော်ငြား သူသည် ယခုတွင် လူယောင်ဖန်ဆင်းထားသဖြင့် ငါးအသေတစ်ကောင်ကဲ့သို့သာ လျစ်လျူရှုလိုက်ရန် တတ်နိုင်လေတော့၏။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now