~အခန်း ၉~ အလုပ်တာဝန်များကို စီမံရခြင်း

939 195 9
                                    

{ Unicode }

ရှစ်စွင်းရဲ့ ဒီပုံစံနဲ့ဆို မိစ္ဆာတွေကိုတောင် ခြောက်လို့ရတယ်!

~~~~~

မနက်ခင်းနေရောင်က ဖွင့်ထားသည့်ပြတင်းပေါက်မှတစ်ဆင့် သစ်သားကုတင်ပေါ်သို့ ကျရောက်လာသည်။

မော့ထျန်းလျောင်သည် တစ်ချက်သန်းဝေလိုက်ပြီး မျက်လုံးများကိုဖွင့်လိုက်သည်။ သူ၏ရင်အုပ်ပေါ်တွင် နွေးနွေးလေးခံစားလိုက်ရ၍ ငုံ့ကြည့်လိုက်သည်။ သူ၏ရင်အုပ်ထက်တွက် ကွေးကွေးလေးနှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် အမွေးလုံးလေးကိုတွေ့လိုက်ရသည်။ ချစ်စဖွယ်လက်ကလေးများကို အပေါ်ဆန့်လိုက်ထုတ်လိုက်ပြီး သူ၏ဆံပင်နှင့်တောင် ငြိသွားလေသည်။

ပုစွန်ဆီရောင်နေအလင်းက ကြောင်လေး၏ အမွေးဖြူဖြူပေါ် ကျရောက်နေပြီး သူ့အားပိုမိုနွေးနွေးထွေးထွေးပင် ရှိစေခဲ့ပါသလို။ မော့ထျန်းလျောင်လည်း မအောင့်ထားနိုင်တော့ဘဲ အနားကိုကပ်လိုက်ပြီး သေးသေးလေး၏ခေါင်းကို နမ်းလိုက်လေသည်။

"မြောင့်"

ကြောင်လေးက အိပ်ချင်မူးတူးဖြင့် အသံပိစိလေးလုပ်၍ လက်ကိုမြှောက်လိုက်ကာ သူ့အားနမ်းလာတော့မည့် မော့ထျန်းလျောင်၏ နှုတ်ခမ်းကိုတားဆီးလိုက်လေသည်။ အကျယ်ကြီးသမ်းလိုက်ပြီးနောက်တွင်တော့ မျက်လုံးများကို ဖွင့်လာလေသည်။ သူ့အားနှုတ်ဆက်ကြိုဆိုနေသည်မှာကား စပ်ဖြဲဖြဲလုပ်နေသည့် အနှီဦးနှောက်မရှိသည့်သူ၏ မျက်နှာချောချောသာ။

စောက်ရူးရဲ့!

ကြောင်ကလေးက သူ၏လက်ကိုမြှောက်လိုက်ပြီး မော့ထျန်းလျောင်ကို ပါးတစ်ချက်ချလိုက်၏။

"လက်သည်းလေး.....အဟီဟီဟိ"

အရိုက်ခံရပြီးနောက်တွင်
မော့ထျန်းလျောင်သည် ပို၍ပင် စပ်ဖြဲဖြဲလုပ်လာသေးသည်။ သူ၏လက်မောင်းပေါ်တွင် လဲလျောင်းနေသည့် ထိုအမွေးလုံးလေးကို နိုးနိုးချင်းတွေ့ရခြင်းသည် သူ့အတွက် ကောင်းချီးပေးခံရခြင်းပင်။

သူ့ကြောင်လေးကို ရှာဖို့အတွက် နှစ်ပေါင်းများစွာပင် ကြာအောင်ရှာခဲ့ရမည်ဟု ထင်ထားခဲ့သည်။ အကယ်များ သူ့ကြောင်လေးက တစ်စုံတစ်ယောက်နဲ့များ သွေးစာချုပ်ချုပ်ထားသည်ဆိုရင်တောင် အလစ်သုတ်ဖို့ စိတ်ကူးထားပြီးဖြစ်၏။ သို့သော်လည်း ကံကောင်းစွာပင် ထင်ထားခဲ့သလို တစ်ခုမှမဖြစ်ခဲ့ချေ။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now