~အပိုင်း (၃၇)~ ဝိညာဥ်အား လက်အောက်ခံသိမ်းသွင်းခြင်း

218 34 1
                                    

{UNICODE}

ငါ ..... အကြာကြီး ထိန်းမထားနိုင်တော့ဘူး

~~~~~

မကြာသေးမှီကပင် ရွှမ်ယွမ်သံနှင့် တောက်ပသည့် ကျောက်အားဝယ်ရန် အဆင့်မြင့်လင်ရှီး တစ်သောင်းကိုးထောင် ကျသင့်ပြီး အနှီသလင်းကျောက်တစ်စုံအားဝယ်ယူရန် ထပ်မံ၍ လင်ရှီးကျောက်ပေါင်း ခြောက်ထောင်နှင့်တစ်ခု သုံးလိုက်ရပေသည်။ အားလုံးပေါင်း ရှစ်စွင်းပေးထားသည့် လင်ရှီးငါးသောင်း၏ တစ်ဝက်မျှ ကုန်သွားချေပြီတမုံ့။

ဝိညာဉ်ကိုးပါးကျောက်မှာ သူ၏လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် မော့ထျန်းလျောင် နောင်တမရပေ။ ပုံမှန်အားဖြင့် အနီရောင်မီးကျောက်ကဲ့သို့ အထက်တန်းစားကျောက်များမှာ အထူးလက်နက်များနှင့် သိဒ္ဓိလက်နက်များအဖြစ်သို့ ပြုလုပ်နိုင်သည်ဖြစ်ပြီး ယင်းလက်နက်တို့မှာ အထက်တန်းစားလင်ရှီး အခုတစ်ရာမှ နှစ်ရာအတွင်း တန်ကြေးရှိပေ၏။ ဤကဲ့သို့ ရောင်စဉ်ခုနစ်သွယ် သလင်းကျောက်အစုံမျိုးကို လင်ရှီးနှစ်ထောင်ထိ ရောင်းသည်မှာ အလွန်ပင်စျေးကြီးနေပြီဖြစ်သည်။ သူသည် လင်ရှီးခြောက်ထောင်အထိ ပေးချေထားသည့်အတွက် လူတိုင်းမှာ သူ့အားလှည့်စားခံလိုက်ရသည်ဟု ထင်နေကြလေပြီ။

သို​သော်လည်း ဝိညာဉ်ကိုးပါးကျောက်မှာ ကြယ်ကြွေကျောက်ထပ်ပို၍ အဖိုးတန်သည်ကို မည်သူမှမသိပါချေ။

ဝိညာဥ်ဖျဥ်းအိုးသည် ဝိညာဥ်များနှင့် နာမ်လောကသားများကို သိမ်းထားနိုင်သည့် အရာဖြစ်သည်။ အကြီးအကဲခုကူးမှ သူ့အားပြုလုပ်ပေးရန် တောင်းဆိုဖူးသည့် ဝိညာဥ်​ဖြိုခွဲတံခွန်သည် ဝိညာဉ်ဖျဉ်းအိုး အမျိုးအစားပင်ဖြစ်၏။ လက်သည်းခွံမျှရှိသော ဝိညာဥ်ကိုးပါးကျောက်သည် ထောင်ချီသော ဝိညာဥ်များကို သိမ်းထားနိုင်ပြီး မသေမျိူးတစ်ဝက်လက်နက်ဖြစ်သော ဝိညာဉ်ဖြိုခွဲတံခွန်အဖြစ်သို့ ပြုလုပ်နိုင်သည်ပင်။

ယခု ဤလက်သီးဆုပ်အရွယ် ဝိညာဥ်ကိုးပါကျောက်နှင့်ဆိုလျှင် သူသည် ဝိညာဥ်အား ပြန်လည်ပြည့်ဝစေနိုင်သည့် ပစ္စည်းတစ်မျိုးကိုပင် တည်ဆောက်နိုင်ပေ၏.........

You've reached the end of published parts.

⏰ Last updated: Aug 25 ⏰

Add this story to your Library to get notified about new parts!

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now