~အခန်း ၁၃~ လက်နက်များ သွန်းလုပ်ခြင်း

885 176 2
                                    

{ Unicode }

ဦးလေး ... ဘာများမှာချင်သေးလို့ပါလဲ?

~~~~~

ဘုံနန်းမြိုင်နှစ်ဆယ့်ခုနှစ်ခုတွင် တာဝန်အသီးသီးရှိကြသည်။ လက်နက်များသွန်းလုပ်ခြင်း၊ အဂ္ဂိရတ်ထိုခြင်း၊ ဓားသိုင်းကျင့်ခြင် စသည်ဖြင့် ... ။ အကယ်၍များ မော့ထျန်းလျောင်သာ ချန်းယာနန်းမြိုင်တွင် နေခဲ့ရလျင်မူ နှစ်, နှစ်ကြာပြီးနောက် ကံကောင်းလျင် လက်နက်များသွန်းလုပ်ရသည့် "မီးလျှံနီဘုံနန်း"သို့ အရွေးခံရမည်ပင်။

မီးလျှံနီဘုံနန်းသည် အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး ထိုနေရာတွင် ယခင်ဂိုဏ်းချုပ်များက ချီယန်းမီးလျှံများကို စုစည်းထားခဲ့သည်ပင်။ ယခင်ဘဝ မော့ထျန်းလျောင်၏ မှော်နက်နန်းတော်ထဲရှိ သွမ်ထျန်းမီးတောက်နှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်သော်ငြားလည်း အနှီမီးလျှံနီသည် ထိပ်တန်းမီးလျှံစာရင်းတွင် ပါဝင်လေသည်။ ချီယန်မီးလျှံက မီးလျှံနီဘုံနန်းထဲတွင် အတောမသတ်နိုင်စွာ လောင်ကျွမ်းလျက်ရှိ၏။ လက်နက်သွန်းလုပ်ဖို့ရန် အသင့်တော်ဆုံးဖြစ်သည်ပင်။

ဘုံနန်းမြိုင်ခုနစ်ခုလုံးသည် အလွန်ကွဲပြားလှသည်ပေ။ အနှီမီးလျှံနီဘုံနန်းသည် တောင်ထိပ်တွင်ကျောက်ဂူများဖြင့် ပြည့်နှက်နေသော ကျောက်တောင်ကြီးတွင်ဖြစ်၏။ ဂိုဏ်းသားအချို့က ဝင်ပေါက်တွင် စားပွဲတစ်လုံးချ၍ ‌စောင့်ကြပ်လျက်ရှိနေကြပြီး
မော့ထျန်းလျောင်ရောက်လာသည်ကိုမြင်လျင် တား၍မေးလိုက်ကြ၏။

" အခုရောက်လာတာ ဘယ်သူလဲ? "

မော့ထျန်းလျောင်က သူ့ခါးရှိ ကျောက်စိမ်းနာမည်ပြားကို ပြလိုက်၏။

" ဝေါ်ချင်းဂူနန်းက အတွင်းဆောင်တပည့် မော့ထျန်းလျောင်ပါ "

ကျောက်စိမ်းနာမည်ပြားသည် တောင်အကာအကွယ်အစီရင်၏ ဗဟိုချက်မ သို့ နစ်မြုပ်သွားပြီး ကွက်တိကျသွားလေသည်။ ထိုအစီရင်က အပြာရောင်အလင်းတန်းများ ကွဲထွက်လာပြီးနောက် ပြန်၍ငြိမ်သက်သွားလေသည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now