~အခန်း ၁၄~ ဂိုဏ်းချုပ်

864 159 5
                                    

{ Unicode }

လောင်စန်း ... ဘယ်လိုပဲဖြစ်ဖြစ် ငါကဂိုဏ်းချုပ်နော်!

~~~~~

မော့ထျန်းလျောင်သည် ကြောင်ကိုယ်တော်လေးကို ချော့သိပ်ပြီးနောက် သိုလှောင်အိတ်များလုပ်ရန်ကိုသာ အာရုံစိုက်လိုက်တော့သည်။

ထိုသိုလှောင်အိတ်တို့၏ အရည်အသွေးသည် အချက်နှစ်ချက်ပေါ် မူတည်လေသည်။ ပထမတစ်ချက်မှာ အသုံးပြုလိုက်သော သလင်းကျောက်တို့၏ သန့်စင်မှုနှင့် ညက်ညောမှုတို့ပင် ဖြစ်၏။ ဒုတိယတစ်ချက်မှာကား အိတ်အတွင်း‌နေရာကိုချဲ့ရန် အသုံးပြုသည့် သိဒ္ဓိစွမ်းအင်ပင် ဖြစ်ချေ၏။

နေရာလပ်အစီအရင်သည် သိုလှောင်အိတ်များဖန်တီးသည့်လမ်းစဉ်၏ အခြေခံအဆင့်ပင်။ အစီရင်မန္တာန်တို့မှာ တော်တော်လေးပင် ရှုပ်ထွေးလှ၏။ အစီရင်နှစ်မျိုးရှိလေသည် ... နေရာလပ်များစီမံခြင်းနှင့် သိဒ္ဓိစွမ်းအင် သိုလှောင်ထားခြင်းဟူ၍။ အမှားသေးသေးလေးပင်ဖြစ်စေ၊ မတိမကျ လွဲချော်သွားမှုပင်ဖြစ်စေ နေရာလပ်မတည်ငြိမ်ခြင်းနှင့် သိဒ္ဓိစွမ်းအင်လစ်လပ်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်သာ။ ထို့ကြောင့်ပင် သိုလှောင်အိတ်များက အလွန်ဈေးမြောက်နေရခြင်းပင်။

လက်နက်မွမ်းမံသူအများစုမှာ အစီရင်မန္တာန်တို့ကို တန်ဖိုးကြီးသည့် မန္တာန်စုတ်တံတို့ဖြင့် ဂရုတစိုက်ရေးဆွဲကြမည်သာ။ အစီရင်တစ်ခုပြည့်ပြည့်စုံစုံရေးဆွဲရန်မှာ အနည်းဆုံးတစ်ရက်တော့ ကြာလေသည်။ ထို့ပြင်လည်း တစ်ခါလေးမျှ စုတ်တစ်ချက်မှားယွင်းသွားသည်နှင့် အစီရင်မှာ လုံးဝကိုပျက်စီးသွားမည်ပင်။ သို့သော်
မော့ထျန်းလျောင်အတွက်ကမူ .....

ကျောက်ရည်ထဲသို့ ထည့်၍မွှေနေသည့်လက်ချောင်းများမှာ အလွန်လျင်မြန်သည်ဖြစ်၍ အရိပ်မျှသာ မြင်ရလေ၏။ မျက်လုံးစွန်းသို့ရောက်နေသည့် လှပသောမျက်လုံးတို့က ဖွင့်လိုက် ပိတ်လိုက်ဖြင့် အနည်းငယ် ပေါ့ဆနေသည့်အလား။ လက်ဖက်ရည်သောက်ချိန်* မျှသာကြာလိုက်ပြီး အစီရင်မှာရေးဆွဲလို့ ပြီးသွားတော့သည်။ သိဒ္ဓိစွမ်းအင်တို့ကိုလည်း အိတ်အတွင်းသို့ ဆက်ဖြည့်နေပြီး အမွှေးတိုင်တစ်တိုင်စာမျှ ကြာပြီးနောက်တွင်တော့
မော့ထျန်းလျောင်သည် ရပ်လိုက်တော့၏။ ပင့်သက်တစ်ချက် ရှိုက်ရှုလိုက်သည်။ ချီစွမ်းအင်မွမ်းမံသည့် ဆဌမအဆင့်တွင်သာ ရှိသေးသောသူသည် အများဆုံး အိမ်တစ်လုံး၏
တစ်ဝက်စာမျှသာ အိတ်အတွင်းသို့ ဖြည့်နိုင်သည်ပင်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now