~အခန်း ၁၀~ အဝတ်အစား

965 200 7
                                    

{ Unicode }

ဘယ်လောက်ပဲ ကြည့်ကောင်းပါစေလေ ... ခေါင်းလောင်းတစ်လုံး သက်သက်ပဲဆိုတာတော့ ဖုံးကွယ်လို့မရပါဘူး

~~~~~

သူ၏လက်ကို ထုတ်လိုက်မိပြီးမှသာလျှင် ချင်းထုံသည် အမှားကြီးတစ်ခုလုပ်လိုက်မိပြီးဖြစ်ကြောင်း သတိရသွားတော့သည်။ ထိုလူက သူ၏လက်ဖဝါးကိုဖြန့်လာတိုင်း လက်ပြန်ပေးတတ်သည်မှာ အကျင့်ဖြစ်သွားပုံရလေသည်။ ယခုတွင်လည်း အလိုလျောက်ပေးမိခြင်းသာ။ ချင်းထုံက မျက်မှောင်ကျုံ့လိုက်ပြီး ချက်ချင်းပင် လက်ကိုပြန်ရုတ်လိုက်သည်။

မော့ထျန်းလျောင်ခမျာ သူ့လက်ပေါ်တွင်ကျန်ခဲ့သော နူးနူးညံ့ညံ့အထိအတွေ့လေးကို ခံစားမိရင်း စိတ်မကောင်းပင်ဖြစ်သွားရသည်။ ရှစ်စွင်းဖြစ်သူက လျှောက်လာပြီး ခုံတန်းရှည်ပေါ်၌ ထိုင်လိုက်ပြီး သူ့အားအေးစက်စက်မျက်လုံးများနှင့် ကြည့်လာသည်ကိုမြင်လျှင် မော့ထျန်းလျောင်သည် သူ့အတွေးများကို ရုတ်သိမ်းလိုက်ပြီး အနားသို့ခပ်သုတ်သုတ်ပင် သွားလိုက်သည်။

"ကိစ္စတစ်ခုခုရှိလို့လား?"

ချင်းထုံသည် အစေခံမလေးတစ်ယောက်ကလာပေးသည့် ‌ခြေတံရှည်ခွက်ကိုယူလိုက်ပြီး လက်ဖက်ရည်တစ်လုပ်ကို သောက်လိုက်လေ၏။

မော့ထျန်းလျောင်သည် ရှစ်စွင်းဖြစ်သူ၏ ပန်းရောင်နှုတ်ခမ်းသားများဆီသို့ ရောက်နေသောသူ၏မျက်လုံးများကို ခက်ခက်ခဲခဲပင် လွှဲလိုက်ပြီး ပြောလာ၏။

"ဒီတပည့်က ရှစ်စွင်းကို အရေးတကြီး တင်ပြစရာရှိပါတယ်"

ချင်းထုံက လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး လက်တစ်ချက်ဝေ့ပြလိုက်ကာ အစေခံများကို သွားခိုင်းလိုက်တော့၏။

မော့ထျန်းလျောင်သည် အနားသို့လျှောက်သွားလိုက်ပြီး ခုံတန်းအနီးရှိ နူးညံ့သည့်ခေါက်မွေ့ရာထက်သို့ ဒူးထောက်ချလိုက်သည်။ ထို့နောက် ရိုရိုသေသေပင် ဂါရဝပြုပြီး ပြောလာသည်။

"ရှစ်စွင်းက ဉာဏ်ပညာကြီးလွန်းလှပါတယ်။ ဒီတပည့်ရဲ့ လျို့ဝှက်ချက်ကို ရှစ်စွင်းသိပြီးသားဖြစ်မှာပါ။ တပည့် ပြန်လည်မွေးဖွားလာတဲ့သူတစ်ယောက်ပါ။ ရှစ်စွင်းကို အမှန်တိုင်းမပြောပြမိတဲ့ ဒီတပည့်ရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးပါ"

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now