~အခန်း ၈~ ညချမ်းကာလတွင် အိပ်စက်ခြင်း

1K 220 4
                                    

{ Unicode }

ကုတင်ပေါ်ကသူမှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေလေပြီ

~~~~~

သာမန်လူသားတစ်ယောက်အဖို့ လေထုထဲတွင် သိဒ္ဓိစွမ်းအင်များ တည်ငြိမ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် ယခုကဲ့သို့သော ညချမ်းအခါသမယတွင် ချီစွမ်းအင်စုပ်ယူမည့်ကျင့်စဉ်ကိုကျင့်ရန်မှာ အကောင်းဆုံးပင်ဖြစ်၏။ ထို့ကြောင့်‌ မော့ထျန်း‌လျောင်သည် သူ၏စားပွဲဘေးတွင် ထိုင်လိုက်ရင်း စာရင်းစာအုပ်အချို့ကို ယူဖတ်လိုက်လေသည်။

ကြောင်လေးမှာ အိပ်ပျော်နေရာမှ နိုးလာပြီဖြစ်၏။ အ‌မွှေးလုံးလေးသည် အင်္ကျီကော်လာမှ ခေါင်းကလေးပြူလိုက်၍ စားပွဲပေါ်ရှိအရာများကို ငြီးငွေ့စွာဖြင့်တစ်ချက်ကြည့်ကာ ပါးစပ်အကျယ်ကြီးဟပြီး သမ်းဝေလိုက်တော့သည်။

မော့ထျန်းလျောင်သည် ခေါင်းကိုငုံ့၍ သူ၏ခေါင်းကလေးအား နမ်းရန်ကြိုးပမ်းလိုက်သော်ငြား ကော်လာအပေါက်မှာ အနည်းငယ်နိမ့်နေ၍ မရောက်နိုင်‌ပဲရှိနေ၏။ မော့ထျန်းလျောင်သည် လက်လျှော့လိုက်တော့၏။

"လက်သည်းလေးက နိုးလာပြီပဲ! ဗိုက်ဆာနေပြီလား?"

ကြောင်လေးက‌ ကော်လာမှ လှုပ်စိလှုပ်စိနှင့်ထွက်လာပြီး သူ၏ပုခုံးပေါ်တက်သွားလေသည်။ ပုခုံးပေါ်မှနေ၍ ထိုအစေခံကောင်၏ လက်ထဲရှိ စာရင်းစာအုပ်များကို လှမ်းကြည့်လိုက်လေသည်။

"ဒါတွေက ဝေါ်ချင်းနန်းမြိုင်ရဲ့ စီမံရေးပိုင်း အလုပ်တွေလေ။ ရှုတ်ရှပ်ကို ခတ်နေတာပဲ"

မော့ထျန်းလျောင်က စကားပြောရင်းဖြင့် သူ့နားနှင့် ကြောင်လေးအားပွတ်နေလေသည်။

ကြောင်လေးက လက်ကို‌မြှောက်လိုက်၍ သူ့အားလာရောက်စော်ကားနေသည့် ထိုနားအား ကုတ်ထည့်လိုက်လေ၏။

ရှုတ်ရှပ်ခတ်နေတယ်? ဒီကိုယ်တော်ကတော့ အဲ့လိုမထင်ပါဘူး

‌မော့ထျန်းလျောင်သည် အမွှေးလုံးလေးမှ တုံ့ပြန်လာမည်ဟု မထင်ထားသဖြင့် စာရင်းစာအုပ်များကိုသာ ခပ်မြန်မြန်ဖြင့် လှန်လှောကြည့်လိုက်လေသည်။ အနှီဒုတိယမျိုးဆက်တပည့်များက သူဒုက္ခရောက်စေရန် ထိုစာရင်းစာအုပ်များကို ယူလာပုံရ၏။ သို့သော်ငြား ဤစာရင်းစာအုပ်ကိုစစ်ရခြင်းက မသေမျိုးတစ်ဝက်ဖြစ်နေသော သိဒ္ဓိနတ်ဝိဉာဉ်နှင့်လူကို ဘာဒုက္ခမှ ရောက်စေလိမ့်မည်မဟုတ်ချေ။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now