~ အခန်း ၁၉ ~ တိုက်ခိုက်ကြခြင်း

777 137 5
                                    

{ Unicode }

ဆီးနှင်းရောင် ကြောင်လေးကို ဒီကမိတ်ဆွေကျင့်ကြံသူရဲ့ ပုခုံးပေါ်မှာတွေ့လိုက်တယ်ကျွန်တော်ကို တစ်ချက်လောက်များ ကြည့်ခွင့်ပေးလို့ ရမလားသိဘူး?

~~~~~

မော့ထျန်းလျောင်သည် လက်ကို မြှောက်လိုက်ပြီးနောက် ကြောင်လေးကို အနီးရှိ သစ်ပင်ထိပ်ဖျားသို့ ပစ်တင်လိုက်သည်။ ထို့နောက် လျှပ်တစ်ပြက်ပင် ဆူးကိုးချောင်းကို ကြိုတင်ကာကွယ်ရန် ပစ်လွှတ်လိုက်သည်။ အနှီအမျိုးသမီး၏ မှော်လက်နက်ကို ထုတ်မသုံးလိုက်ရခင်မှာပင် အကာကွယ်အစီရင်က ကျိုးပေါက်သွား‌ခဲ့လေသည်။

အနှီအမျိုးသမီးမှာ ထိတ်လန့်သွားလေပြီး တုံ့ပြန်ချိန်တောင် မရလိုက် ... အမျိုးသားကျင့်ကြံသူက အတင်းဆွဲခေါ်သွားလေ၏။ ပစ်လိုက်သည့် ဆူးကိုးချောင်းမှာ ထိုသူနှစ်ဦး ရပ်ခဲ့သည့်နေရာ၌ သေသေသပ်သပ်ပင် စိုက်နေလျက်သား။ ထိုသူနှစ်ယောက် ခြေခိုင်အောင် မရပ်ရသေးခင်မှာပင် အနက်ရောင်မီးခိုးတစ်လုံးက ထပ်လာပြန်သည်။

မှော်နက်ကျင့်ကြံသူအမျိုးသားက သူ၏ဓားချွန်ကို ထုတ်လိုက်ပြီး ထိုမီးခိုးလုံးအား အမှားယွင်းမရှိ အတိအကျပင် ပိုင်းချလိုက်သည်။ ဤသို့ နှစ်ပိုင်း ခုတ်လိုက်လျှင်ချင်းပင် တစ်ပိုင်းစီမှ ဆီများပန်းထွက်လာပြီး နှစ်ယောက်စလုံး၏မျက်နှာများ ပေကျံသွားတော့သည်။ ထိုသစ်သားလုံးလေး၏ မျက်နှာပြင်ပေါ်တွင် စက်ဝိုင်းအလွတ်ပုံ ထွင်းထားလေသည်။

မော့ထျန်းလျောင်သည် ထိုဆီများကို တောက်အနောက်ဘက်ရှိ မုန်ညင်းပန်းများမှ လုပ်ထားခြင်းပင်ဖြစ်၏။ မုန်ညင်းဆီက မီးလောင်ရလွယ်ကူစေပြီး အသား၏ အညှီနံ့ကိုလည်း သဘာဝအတိုင်းပင် ဖယ်ရှားပေးသည်။ တောင်ဆိတ်သား ကင်ရာတွင် အသင့်တော်ဆုံးပင်။

" မကောင်းတော့ဘူး! "

အမျိုးသမီးကျင့်ကြံသူက အော်လိုက်သည်။ ဤနည်းလမ်းများက အလွန်ကိုပင် ရင်းနှီးနေခဲ့ပါ၏။ သံသယရှိနေစရာပင်မလို နောက်ထပ် ပိုမိုဆိုးဝါးသည့် လှုပ်ရှားမှုများက သူမတို့ကို စောင့်နေသည်ပင်။ လက်နှစ်ချောင်းကို သွယ်ယှက်လိုက်ပြီး ရေအစီရင်တစ်ခုကို အကာကွယ်ချလိုက်သည်။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now