"အား..ညောင်းလိုက်တာ..!"
Tae တစ်ယောက် မနက်စာ စားပြီးကတည်းက စာကြည့်စားပွဲမှာ ထိုင်လိုက်တာ နေ့လည်တောင် ရောက်သွားပြီ ဖြစ်တာကြောင့် အညောင်းညာ ဖြေရန် ကုတင်လေး
ပေါ်တွင် အကြောဆန့်လိုက်သည်။အခုကြမှဘဲ လစ်လျူရှုထားတဲ့ ဗိုက်က တဖန် ဆန္ဒပြ
လာတာကြောင့် တစ်ခုခုစားဖို့ အောက်ထပ်ကို ဆင်းရ
တော့သည်။ဆရာဝန်အလောင်းအလျာ ဖြစ်လာမည့် သူ့အတွက်
အစားစားချိန် အိပ်ချိန်တွေ တိုင်ပင်မကိုက်နိူင်
သည်မှာ အလယ်တန်းလောက်ထဲကပင်။စာအုပ်တွေကသာ အကောင်းဆုံး အဖော်ဖြစ်ခဲ့တဲ့
သူ့အတွက် စာကြည့်ပြီ ဆိုလျှင်လည်း လူသားကမ္ဘာ
ထဲကပင် ပျောက်ကွယ်သွားရသလို ထမင်းမေ့ ဟင်း
မေ့ဖြင့် ရေကုန်ရေခန်း လုပ်တတ်သေးသည်။ဘယ်လောက် ကြည့်ရကြည့်ရ ငြီးငွေ့မသွား နိူင်အောင် ဖြစ်ရသည်မှာလည်း ထိုစာအုပ်တွေအပြင် သူ့ရဲ့ တစ်ဦး
တည်းသော သူငယ်ချင်း၊ချစ်သူ တဖြစ်လဲ ကောင်
လေးတစ်ဦးသာ ရှိလေသည်။ထမင်းစားနေရင်း ဖုန်းသုံးဖို့ ဖုန်း screen လေးကို ဖွင့်
လိုက်တာနဲ့ မျက်လုံးလေးထဲ နှစ်လိုဖွယ် ဝင်ရောက်လာ
တဲ့ ကျောင်းဝတ်ဆုံတွေနဲ့ အတောက်ပဆုံး ပြုံးပျော်နေ
ပါသော သူတို့နှစ်ဦးရဲ့ ထိုပုံလေး နေရာယူထားသည်မှာ
၃နှစ်နီးပါးကို ရှိနေပြီဖြစ်သည်။တနည်းပြောရရင်တာ့ ချစ်သူသက်တမ်း ၃နှစ်လောက်ရှိ
ပြီပေါ့လေ....။ထိုပုံလေးကို မြင်လိုက်ရတာနဲ့ သူ သဘောတကျ ပြုံး
တတ်သလို screen လေးပေါ်က ချစ်ရသူရဲ့ မျက်နှာ
လှလှလေးပေါ် တယုတယ အနမ်းခြွေလေ့ရှိသေးသည်။စိတ်ကျေနပ်လောက်တဲ့ အထိစာလုပ်ပြီးပြီဖြစ်တာ
ကြောင့် သူ့အတွေးတွေကို ရင်နှစ်သည်းချာ မြတ်နိုး
ကြင်နာရပါသော ချစ်ရသူလေးဆီသို့ လေယာဉ်ပျံကြီး
နဲ့ကို အလည် သွားခွင့်ပြုရပေအုံးမည်လေ။"ဟာ..သေစမ်း Kim Tae Hyung...ဒီနေ့ မနက်အိမ်
လာခဲ့ဖို့ ခေါ်ထားတာကို မေ့နေတယ်တဲ့လား..!!"နဖူးပြင်ပေါ် လက်ဖဝါးလေး တစ်ချက်ရိုက်ပြီးတော့ကို
အပြစ်ပေးရသည်အထိ နှောင့်နှေးစွာနဲ့ ဝင်လာသော အတွေးစဟာ သူ့ကို အလွန်အမင်း စိုးထိတ် ပူပန်ရစေ
ခဲ့သည်။

YOU ARE READING
Selfish Romance 🔥( Completed )
Fiksi Penggemar👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021