Chapter-2✨

2.4K 235 10
                                    

"အွန်း..ငါအခုပဲ လာနေပြီ..လမ်း..!!"

"*Oh-God!! ငါ့ရဲ့ အူးကြူးလေးပါလား..!!"

seok jin တစ်ယောက် ဖုန်းပြောနေရင်း လမ်းရဲ့တစ်
ဖက်ကနေလှမ်းမြင်လိုက်ရသော မျက်နှာချိုချိုလေး
ကြောင့် ခြေလှမ်းတွေကို သွက်လက်စွာနဲ့ မပြေးရုံ
တမယ် လျှောက်လှမ်းဖို့ အလုပ်ပေးလိုက်သည်။

"အာ့ဆို..ဒါ..ဒါပဲနော်..!!"

ပြောလက်စ ဖုန်းကို ပစ်လက်စခတ် အဆုံးသတ်နေရ
ပေမယ့် အကြည့်တွေကတော့ ထိုအပြုံးချိုချို ကောင်
မလေး ဆီတွင်သာ..။

ဟာ..အခုကျမှ လမ်းကလဲ ဖြတ်ကူးလို့ မရဘူး..
လမ်းဆုံးဖို့ကလဲ လိုသေးတာမို့ ခြေတုံချတုံကို ဖြစ်နေ
ရသည်။

ဒီတိုင်းဆို လမ်းဆုံးတဲ့ အထိ ငေးရင်းနဲ့ပဲ လျှောက်ရ
တော့မယ့် အဖြစ်..မျက်ချေမပြတ်သွားဖို့လည်း မျက်လုံး
တွေကို ဟိုဘက်လမ်းက သူ့ဆီကိုသာ ပို့ထားရသေးသည်။

အခုကြည့်မယ်ဆို လမ်းမပေါ်မှာ ကျွန်တော့်ပုံစံက
သည်းကြီးမဲကြီးနဲ့ အပြေးအလွှား သွားနေရတာမို့
တကယ့် ဖယိုဖရဲ ဖြစ်နေမည်မှာ သေချာပါသည်။

အခြေအနေက ကိုယ့်ပုံစံနဲ့ အံ့မဝင်ပေမယ့် အဝေးက
မြင်ရတာတောင် ရင်အေးစေတဲ့ မယ်ချိုပြုံးကြောင့်
style တွေ ဘာတွေလဲ ခေါင်းထဲ ထည့်မနေတော့ပါ။

အရာရာကို အလေးအနက် မထားတတ်ပေမယ့် လိုချင်
မိတဲ့ သက်ရှိ သက်မဲ့ မှန်သမျှကို ရဖို့ဆိုရင်တော့ ရေဆုံး
မြေဆုံး ကြိုးစားအားထုတ်တတ်တဲ့ အကျင့်ကြောင့် ချွေးဆို့သည်အထိ ပြေးဖို့ ဖြစ်လာရတော့တာပေါ့..

မလှမ်းမကမ်းမှ မြင်နေရပါသော ထူးခြားတဲ့ အပြုံး
လေးအပြင် မော်ဒယ် အရပ် ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစားတွေကို ပိုင်ဆိုင်ထားသော မိန်းမလှလေးကြောင့် ပြေးနေရင်းပင် အပေါ်နှုတ်ခမ်းလေး တချက်
တွန့်မိလိုက်သေးသည်။

အလှသရဖူ ဆောင်းထားပါသော မိန်းကလေး
အထက်တန်းကျောင်းရဲ့ queen လေးဖြစ်တဲ့ သူမဟာ
ကျနာ့်ရဲ့ ဒီလအတွက် target လေးမို့ ဒီလောက်
အပင်ပန်းခံ အဖြစ်သည်းနေရခြင်းသာ...။

Selfish Romance 🔥( Completed )Where stories live. Discover now