Chapter-24✨

1.6K 167 25
                                    

joongii ပေးတဲ့ အိမ်လိပ်စာအတိုင်း ရောက်လာခဲ့ပြီး
လူခေါ် bell ကို နှိပ်လိုက်ကာ..

luggage လေးဆွဲ စောင့်နေလျက် အရူးတစ်ယောက်လို ပြုံးမိတဲ့ အပြုံးတွေဟာ နှုတ်ခမ်းထက်တွင် ထိန်းမနိူင်၊သိမ်းမရနဲ့ အတားအဆီးမဲ့ကို ဖူးပွင့်နေကြသည်။

မင်းကြောင့်နဲ့ ငါတကယ် ရူးသွားရင်..ဒီအရူးကြီးကိုဘဲ
တဘဝလုံးစာ တာဝန်ယူပေတော့..Jeon jungkook ရေ..

အော်ဟစ်ပြီးကို ပြောပစ်ချင်တဲ့ ဒီစကားဟာ ကာဆီး
ထားတဲ့ ခြံဝန်းတံခါးအား တိုးမပေါက်နိူင်တာမို့ လည်
ပင်းဝမှာသာ တစ်ဆို့သွားရသည်။

နှစ်ပေါင်းများစွာကြာမှ သိပ်ချစ်ရတဲ့ အကြောင်းတွေ
ကိုဖွင့်ဟ ဝန်ခံပစ်ဖို့ အကြိမ်ပေါင်းမည်မျှလောက်
တွေးပြီး စိတ်ကူးယဉ်ခဲ့မည်ဟု ထင်ပါသနည်း....။

ရင်ခုန် စိတ်လှုပ်ရှားမှုက အရှိန်မသေသေးတာကြောင့်
နွေရာသီကြီးမှာကို ခြေဖျား လက်ဖျားတွေက အေးစိမ့်
နေတော့တာ..

နှစ်ချီပြီးကို ကြာညောင်းနေသည်ဟု ထင်ရလောက်တဲ့
လူခေါ်bell လေးဟာ..ခဏ အကြာမှာတော့ အမျိုးသမီး
တစ်ယောက်ရဲ့ ပြန်လည် ဖြေကြားမှုဖြင့် အသက်ဝင်
လာသည်။

jungkook သူငယ်ချင်းလို့ ဖြေတော့ ဝင်ခဲ့ပါဆိုတာမို့
အသွက်လက်ဆုံး ခြေလှမ်းတွေနဲ့ အိမ်ထဲဝင်လာခဲ့ရင်း

နောက်ဆိုရင် ဒီအိမ်ကြီးကလဲ jungkook ရဲ့ ရင်ခွင်လို
ဝင်ခွင့်တောင်းစရာ မလိုဘဲ တံခါးမရှိ ဓါးမရှိ ဝင်နိူင်
ထွက်နိူင်တော့မှာလို့ တွေးပြီး..

ပိုင်ကြောင်း ဆိုင်ကြောင်းတွေကို တစ်ယောက်ထဲ ဂုဏ်
ဆာနေမိသလို ကျေနပ်နေတဲ့ အပြုံးကြီးနဲ့ ခြံဝန်းထဲ ဝင်လာခဲ့သည်။

ခြံထဲမှာ ကားတစ်စီးတော့ ရှိနေပေမယ့် အထဲမှ
အဖြေအရ အိမ်ထဲတွင် jungkook ရှိမဲ့ပုံမပေါ်..

အိမ်ကြီးက အတော်ကြီးပြီး တစ်ခြံလုံးမှာလဲ သစ်ပင်
ပန်းပင်တွေနဲ့ သပ်ရပ်လှပနေတော့သည်။

အိမ်တံခါးကို ဖွင့်ပြီး living room ဆီ ဦးတည်လျှောက်
သွားလိုက်ကာ အိမ်ရဲ့ အခြေအနေကို လှည့်ပတ်ကြည့်
လျက် စူးစမ်းနေတုန်းမှာဘဲ..

Selfish Romance 🔥( Completed )Where stories live. Discover now