ပါးပြင်ပေါ်သို့ နူးညံ့စွာ ကြွေဆင်းလာတဲ့ အနမ်းတပွင့်
ကြောင့် အာရုံခြောက်ပါး အသက်ဝင်သွားရကာ မျက်လုံးလေးများအား လေးကန်စွာ ဖွင့်ကြည့်မိတော့ ..ကျနော့်အား ချစ်ခြင်းမေတ္တာ ဖွဲ့သီထားတဲ့ မျက်ဝန်းတွေ
ဖြင့် ပုလဲတန်းလေးများ ပေါ်လာတဲ့ အထိ ပြုံးပြနေသော
အူတွင်း ကလီစာလေး ကြောင့် ~~အိမ်မက်လိုလို တကယ်လိုလိုနဲ့ ကျနော့် မနက်ခင်းတွေ
ဟာ အတောက်ပဆုံးကို အသက်ဝင် သွားရပါတော့တယ် ..ပထမဆုံး အနမ်းလေးအား နဖူးပြင်လေးပေါ်သို့
အဆက်မပြတ် ဖိနမ်းကာ အနမ်းမိုးတွေ သွန်းဖြိုး
အစပြုလိုက်ပြီး .." ချစ်ဆုံးက အစောကြီး နိုးနေတာလား ?! .. "
" ဟင့်အင်း အစောကမှ .. "
ပုခုံးလေးပေါ် မှီတွယ်တော့ သူက ကျနော့် ခေါင်းလေး
အား အလိုက်သင့် တိမ်းယူကာ ရင်ခွင်လေးထဲ ထည့်
လိုက်တာမို့ အသံထွက်၍ ရယ်မိသွားသည်။" ငါ့ကို ဘယ်လောက်ထိ ချစ်လဲ seok jin -?!! "
ခါးလေးအား ဆွဲဖက်ကာ ရင်ခွင်ထဲမှ ခေါင်းလေးမော့
ရင်း မေးတော့ ကျနော့် ဆံပင်လေးများကို ထိုးဖွပြီး
ပြုံးစိစိဖြင့် ပြောလာသည်က .." Kim seok jin ဆိုတာ Jeon jungkook ကြောင့် အသက်
ရှင်နေတဲ့ လူ .. မင်းက ငါ့ဘဝ .. ငါ့ရဲ့ အရာရာ ..မင်းသာ ငါ့နားမှာ ရှိရင် အရာအားလုံး ပြီးပြည့်ဆုံပြီး
တော့ ဘာကိုမှလဲ မလိုအပ်တော့ဘူး .. မင်းနဲ့ သာဆို
ရင် ဘယ်နေရာဘဲ ဖြစ်ဖြစ်လိုက်ရဲတယ် ..ငါရှင်သန်နေရတဲ့ အကြောင်းအရင်းက မင်း ..
ပြုံးရတဲ့ ငိုရတဲ့ အကြောင်းရင်းတွေ အကုန်လုံးကလဲ
မင်းပဲ .. ငါ့ရဲ့ နာကျင်မှုတွေရော ပျော်ရွှင်ခြင်းတွေ
ရော အားလုံးက မင်းပေါ် မူတည်နေတာ ...ငါက မင်းစိတ်နဲ့ အသက်ဆက်ပြီးတော့ မင်းအချစ်တွေ
နဲ့ပဲ ရှင်သန်မဲ့ လူသားလေ ..ငါရဲ့ ပစ္စုပန် အနာဂတ် အရာအားလုံးကို မင်းပိုင်တာ
ငါကလဲ မင်းရဲ့ အပိုင် ပစ္စည်းလေးဘဲ .. ငါ မင်းကို အဲ့လောက်ထိ ချစ်ရတာပါ kook ရယ် .. "
YOU ARE READING
Selfish Romance 🔥( Completed )
Fanfiction👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021