ညက ကျနော်တို့ ညစာ စားနေကြတုန်း သူ့ရဲ့ဆေး
ကျောင်းသား ဆိုသူဆီက ဖုန်းဝင်လာခဲ့တယ်..သူဘယ်လောက်တောင် ကျမ်းကြေထားလဲဆို
ကျနော့် ရှေ့မှာတင် အေးအေးဆေးဆေး ချောချော
မွေ့မွေ့နဲ့ကို ဖုန်းပြောနိူင်ခဲ့တာ..မှားလို့..ကျနော်တို့က တကယ့် အတွဲတွေမှ မဟုတ်ဘဲ
နော်..သူက ကျနော့်ကို ဘာဂရုစိုက်စရာလိုမှာလဲ..တဖက်က သူ့ကောင်လေးကို ပြောနေလိုက်တာများ
ကြည်သာ ချိုမြပြီးတော့ စကားတခွန်း မထစ်ရဘဲ
ပြေပြေပစ်ပစ်နဲ့ကို လှည့်ဖျားတတ်ပုံက သွေးလန့်
စရာပင်...။သူက အဲ့လိုဆိုတာ သိရက်နဲ့တောင် ကျနော့် အချစ်
တွေကို ရပ်လို့ မရနိူင်တော့အထိ အချစ်ကို ရူးရူး
မူးမူး ဖြစ်ချင်နေမိတာကို ကိုယ့်သေတွင်း ကိုယ်တူး
တယ်လို့ပဲ ဆိုရမလား...မင်း သူ့ကို တကယ်ချစ်လားလို့ အရဲစွန့် မေးမိလိုက်
ပြီး သူ့အဖြေကြားရမယ့် အချိန်မှာ ခုံစောင်းလေးကို
တောင် ဆုပ်ကိုင်ထားပြီး ရင်ပူနေရသည်။အကယ်၍သာ ချစ်တယ် လို့ ဖြေရင်..omma ကို
အပြစ်တင်မိခဲ့တာတွေကို လိုက်တောင်းပန်မိမလားပဲကျနော်ဟာ အစွဲလန်းကြီးလွန်းတဲ့သူ ဖြစ်တဲ့အပြင်
ဇွဲကောင်းလွန်းတာမို့ ရေကုန်ရေကုန် ကြိုးစားမယ်လို့
ဆုံးဖြတ်ထားခဲ့ပြီးပြီ မဟုတ်လား..သူ့နှလုံးသားက တခြားသူ အတွက်ဆိုတော့လဲ သနား
စရာ တဖတ်သတ်အချစ်ကိုပဲ မိုက်မိုက်ကန်းကန်း ကိုး
ကွယ်ရတော့မှာ..ကိုယ့် ထိုက်နဲ့ ကိုယ့်ကံပဲပေါ့..သေကြေပျက်စီးနေတဲ့ စိတ်အစဉ်ဟာ အသက်ငွေ့ငွေ့
ကို ကယ်ဆေးထိုးလိုက်သလိုမျိုး သူ့နှုတ်ဖျားက ခပ်
ပေါ့ပေါ့ ကျလာတဲ့ စကားတစ်ခွန်းကြောင့် အားအပြည့်
နဲ့ ပြန်လည် ရှင်သန်လာတော့တယ်..ဒီစကားကလဲ အမြဲတမ်း ရနေခဲ့တဲ့ တစ်ကျောင်းလုံး အတော်ဆုံးဆုထက် ပျော်ရွှင်မှုတွေ စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိူင်ခဲ့သည်လေ...။
ဒါမှပေါ့..seok jin ရာ..ဟုတ်တယ်..မင်းမချစ်ရဘူး
ငါကလွဲပြီး..တခြား ဘယ်သူ့ကိုမှ မချစ်စေရဘူး..

YOU ARE READING
Selfish Romance 🔥( Completed )
Fanfic👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021