ကျောင်းအသစ်မှာ ကျနော့်ရဲ့ တောကစားထွက်ခြင်းဟာ
သားကောင်ရဲ့ အန္တရာယ်ပြုမှုကြောင့် မာန အရှက်သိက္ခာအားလုံးကို စတေးပစ်လိုက်ရတယ်..နားထဲမှာလဲ လှောင်ရီ ရှုတ်ချနေတဲ့ စကားသံတွေက
ပဲ့တင်ထပ်နေသလို ရွံ့စရာ သတ္တဝါလို ကြည့်နေတဲ့
အကြည့်တွေကလဲ မျက်လုံးထဲက မထွက်တော့..။ဘယ်လောက်ပဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေမယ့်
တကျောင်းလုံး ရှေ့မှာ အရှက်ကွဲခဲ့တာဆိုတော့
လစ်လျူရှုဖို့ ခက်ခဲနေတာပေါ့..တွဲပြီးမှ မကျေနပ်လို့ဆိုလဲ ထားပါတော့ အခုက
အသားလွတ်ကြီး တိုက်ခိုက် စော်ကားခံရတာလေ..ပေါပေါပဲပဲ ပစ္စည်းတစ်ခုကို စျေးမတန်မဆ ပေးဝယ်
လိုက်ရလို့ ရင်ထဲ တနုတ်နုတ်နဲ့ အခဲမကြေ ဖြစ်ရ
သလိုပဲ..တွေးလေ ဒေါသဖြစ်ရလေ..hoseok သတိပေးတုန်းကသာ ကျနော် လက်လျော့ခဲ့
ရင် ဒီလောက်ထိ ဖြစ်လောက်ပါ့မလား လို့တွေးပြီး
နောင်တရမဲ့သူ မဟုတ်ပေမယ့် မခံတိ မခံသာတော့
ဖြစ်နေခဲ့ရသည်။ကျနော့်အပေါ် ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း လွန်ကျူးခဲ့
တဲ့ သူကို စကားလုံးတွေနဲ့ပဲ ဘာလို့ တိုက်ခိုက်ခဲ့လဲယောကျာ်းချင်း လက်သီး လက်မောင်းတန်း ထိုးကြိတ်
သတ်ပုတ်ခဲ့ပါတော့လားလို့ အခုချိိန်မှာ မကျေမနပ်
ဖြစ်နိူင်ပေမယ့်..ကျနော်က သူကို လက်သီးတစ်ချက်ရဲ့ ပြင်းအား
လောက်ပဲ နာကျင်စေချင်တာမဟုတ်ဘူး..ကျနော့်ကြောင့် ဒဏ်ရာ ရခဲ့လဲ ဘယ်လောက် နာမှာ
လဲ..အပေါ်ယံ ဒဏ်ရာဆိုတာ ဆေးထည့်ရင် ပျောက်ပြီး
အချိန်တန် အနာကျက်ရင် မေ့သွားမှာပဲ..ကံကောင်းရင်
အမာရွတ်တောင် ကျန်မနေခဲ့ဘူးလေ..ကျနော်က သူ့ကို သေရာပါမဲ့ တသက်စာ ဒဏ်ရာ
ဒဏ်ချက်တွေ ပေးချင်တာ...ကင်ဆာရောဂါလို အတွင်းထဲထိ လှိုက်စားနေတဲ့ ကြီးမား
တဲ့ အနာရောဂါနဲ့ နစ်နစ်သည်းသည်း နာကျင် ပျက်စီးစေ
ချင်တာမျိုး..

YOU ARE READING
Selfish Romance 🔥( Completed )
Fanfiction👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021