Chapter-18✨

1.1K 152 16
                                    

"voo-!! "

စာကြည့်စားပွဲတွင် မြောက်များစွာသော စာအုပ်အထူ
ကြီးတွေအပြင် laptop တစ်လုံးနဲ့ နာရီအတော်ကြာ
အလုပ်ရှုပ်နေသော Tae hyung ကို seok jin အိပ်ယာ
ပေါ် မှောက်လျက် ဖုန်းသုံးနေရင်းမှ ခေါင်းလေးထောင်
ပြီး အမေးဆတ်လိုက်သည်။

"အွန်း..!!"

"ရုပ်ချင်းဆင်ရင် ဖူးစာပါတတ်လားဟင်..!!"

ဘာရယ်မသိ မနေ့က ၁၅ နှစ်အရွယ် ကောင်မလေးရဲ့
နိမိတ်လိုလို စကားလုံးဟာ ကျနော့် အတွေးတွေထဲ
တရေးရေး ကပ်ညိနေခဲ့တာ  voo ကို အမေးထုတ်
ဆွေးနွေးမိတဲ့ အထိပင်...

"ဟင်လို့..!! မေးတာ ပြန်ဖြေအုံး..!!"

မေးလိုက်တာကိုပင်..မသိသူလို လုပ်ပြီး စာအုပ်တွေ
ထဲသာ ခေါင်းစိုက်နေတာမို့ လှဲနေရာက ထပြီးကို
ဂျီတိုက်ရတော့တယ်..

"ဟား..ဟား..ငါ့ကလေးက အဲ့တာတွေကို ဘယ်တုန်းက
ယုံကြည်သွားတာလဲ..!!"

အင်းပေါ့လေ..voo အသက်အရွယ်အရဆို ဒါတွေက ဘယ်လို လက်တွေ့ဆန်ပါ့မလဲ..ကလေးတွေ စိတ်ကူး
ယဉ်ပြီး လျှောက်ပြောနေသလိုပဲ ဖြစ်နေမှာပေါ့...

အကြွင်းမဲ့ ယုံကြည်တာမျိုးတော့ မဟုတ်ပေမယ့်..
အဲ့စကားလေးနဲ့တင် ဘယ်လောက် ပျော်ခဲ့ရလဲ..?!

ဟမ်..!! ပျော်တယ်..ဘယ်သူကလဲ..ရူးနေပြီ seok
jin..ငါက ဘာလို့ ပျော်ရမှာလဲ..jungkook..!!
ဟုတ်တယ်..jungkook ပျော်တာ..!!

seok jin သရဲအိမ်မက်လို ခြောက်ခြားစေမိတဲ့ အတွေး
စတွေကို ခေါင်းအတွင်တွင် ခါယမ်းကာ ရှင်းထုတ်လိုက်
ပြီး တစ်ယောက်ထဲ ရန်ဖြစ်နေသည်။

"ဒီအတိုင်း ပါးစပ်ဆိုရိုးတွေပါကွာ..လူနှစ်ယောက်ရဲ့
ဖူးစာက ရုပ်ပိုင်းဆိုင်ရာနဲ့ ထပ်တူ အချိုးညီပါ့မလား..
လုံးဝ ယုတ္တိမရှိတဲ့ စကားပါ..ကလေးရယ်..!!"

စာအုပ်နဲ့ မျက်နှာ မခွါဘဲ စိတ်မပါ လက်မပါ ဝင်ဆွေး
နွေးသူဟာ စာလုပ်နေတာကို လာနှောင့်ယှက်လို့
မကြိုက်တဲ့ ပုံဖမ်းပြီး သက်ပြင်းငွေ့ငွေ့ချပြသည်။

အသက်အရွယ်၊အတွေးအခေါ် နှင့် အကျင့်စရိုက်တွေ
ကွဲပြား ကွာခြားမှုဟာ ကျနော်နဲ့ voo ကြား ခံတပ်ကြီး
တွေလို အမြဲ ဖြတ်ရခက်နေတုန်းပါပဲလား....

Selfish Romance 🔥( Completed )Where stories live. Discover now