Chapter-End✨

5K 327 117
                                    

ထိုည ...

နွေလယ်ခေါင်ကြီးကို မိုးတွေ ရွာလာခဲ့တဲ့ ညတစ်ည ....

သည်းကြီးမဲကြီး ရွာနေတဲ့ ချစ်လှစွာသော မိုးတွေကြောင့် နှလုံးခုန်သံတွေ ပျောက်ဆုံး ရပ်တန့်သွားခဲ့ရတယ် ..

နားထဲမှာ ထပ်တလဲလဲ ကြားနေရတာက ..

" ငါ့ရဲ့ နောက်ဆုံး ဆန္ဒက မိုးရွာတာကို မြင်ရဖို့နဲ့
မင်းနဲ့အတူ မိုးထဲ လျှောက်ပြေးဖို့   " ဆိုတဲ့ သူပြော
ခဲ့ဖူးသော စကားလေးတွေ ..

အဲ့စကားတွေကြောင့် မိုးမရွာလာဖို့ အကြိမ်ကြိမ်
ဆုတောင်းခြွေ တောင်းပန်နေခဲ့တာကို မိုးနတ်မင်းက ရက်စက်စွာနဲ့ အသိအမှတ် မပြုပေးခဲ့ဘူး ..

တပြိုင်နက်ထဲမှာပဲ ရင်ဘတ်ထဲက အပူမီးတွေဟာ
အရှိန်ညီးညီး တောက်လောင် လျက်ရှိသည်။

ဒီမိုးရွာ​တာ ရပ်တန့်ပေးဖို့ ဘယ်နတ်ဘုရားဆီသွားပြီး အသနားခံရပါ့မလဲ ..

ထိုအချိန်မှာပဲ ဝေဝါးနေတဲ့ အမြင်အာရုံထဲကို လှပတဲ့ အပြုံးတွေ ထမ်းပိုးပြီး ကျနော် ရပ်နေရာဆီသို့ ..

ကလေးတစ်ယောက်လို ခုန်ပေါက် ပြေးလွှားလာနေတဲ့
သူ့ ပုံရိပ်လေးက တရေးရေး ဝင်ရောက်လာခဲ့တယ် ..

ချက်ချင်းဆိုသလို အောင့်တက်လာတဲ့ ရင်ဘတ်ထဲက
နာကျင်မှုတွေကို လစ်လျူရှူ သိမ်းဆည်းရင်း ...

သိမ်မွေ့လွန်းတဲ့ အပြုံးတုကို ချိတ်ဆွဲလျက် နှစ်လိုဖွယ်
ပြုံးပြလိုက်ရသည်။

ဒီညဟာ ကျနော်တို့ နှစ်ယောက် အတူရှိကြရမဲ့
နောက်ဆုံးသောညလေး ဖြစ်မသွားရစေဖို့ ...

ရင်ထဲကနေ တိုးတိုးကြိတ်ကြိတ် ညည်းရင်း နတ်ဘုရား
များစွာဆီသို့ ဆုတောင်းတွေ အထပ်ထပ်ခြွေနေမိသည်။

ကျနော့်ရဲ့ ပူလောင်မှုတွေကို မမြင်နိူင်တဲ့ သူကတော့

မိုးရေတွေထဲ ထွက်ဆော့ဖို့ လက်မောင်းကို လှုပ်ရမ်း
လာကာ ချစ်ဖို့ ကောင်းအောင် ပြုံးရယ်ရင်း ပူဆာ
ဂျီကျလာတော့သည်။

Selfish Romance 🔥( Completed )Where stories live. Discover now