" oppa-!! ချစ်လေး ဒီလောက် ဆက်သွယ်နေတာကို
ဘာလို့ ပစ်ထားတာလဲ..?!"ချွဲပြစ်ပြစ်အသံနဲ့ ကျနော်တို့ကြားထဲ အတင်းဝင်ကာ
seok jin လက်မောင်းကို တွဲချိတ် ပြောနေပုံကို ကြည့်
ရတာ ဒီကောင့်ရဲ့ ဇယားလေးပဲ ဖြစ်ရမယ်..သူ့မှာ ရည်းစားတွေရှိတာ သိပြီးသား ဖြစ်ပေမယ့်
မျက်မြင်ကိုယ်တွေ့ ဆိုတော့ ရင်ထဲမှာ ကလိကလိနဲ့
မကျေမချမ်း ဖြစ်လာသလိုပင်...။Kim seok jin ဆိုတာနဲ့ကို Jeon jungkook ရဲ့
စိတ်တွေ ဂနာမငြိမ်ချင်တော့ဘူး..ခက်တော့
ခက်နေပါပြီ..!!jungkook တစ်ယောက် စိတ်ထဲကလဲ အလိုမကျ
သလို အပြင်က မျက်နှာကြီးမှာလဲ ပုပ်မည်းနေသည်။Jin - " အဲ့တာက ပြန်ဆက်သွယ်ဖို့ အချိန်မရလို့..
ဒီလို ကျောင်းထိ လိုက်လာတာကတော့ အဆင်မပြေ
ဘူးနော်..Yuu rii shii..!! "seok jin ရဲ့ ခပ်ပြတ်ပြတ် စကားက ထိုမိန်းကလေး
ကို မနှစ်မြို့မှန်း သိသာပါသည်။Girl - "လွမ်းလွန်းလို့ပေါ့.. oppa ရဲ့..တောင်းပန်ပါတယ်
နော်..မကြိုက်ရင် ထပ်မလာတော့ပါဘူး..!!"ပြသာနာလာရှာတဲ့ သူက ပြန်တောင်းပန်နေရတဲ့
အခြေအနေဖြစ်အောင် ဆရာကျတဲ့ seok jin ကို
hoseok မှာနောက်ကနေ တဝါးဝါးနဲ့ ချီးမြှောက်နေသည်။Jungkook မှာတော့ ထိုမိန်းကလေးကို ထရိုက်တော့
မယ့် အကြည့်တွေဖြင့် ပေစောင်းစောင်းကြီး အကဲခတ်
နေတော့သည်။Jin - " ထားပါ.. ကိုယ်လဲ ပြောစရာ ရှိတာနဲ့ အတော်ပဲ
ပေါ့..တနေရာမှာ စကားသွားပြောကြရအောင်..!!"လုပ်နေကြအတိုင်း မင်းနဲ့ဆက်မတွဲနိူင်တော့ဘူး
ကိုယ့်ကို မုန်းလိုက်ပါ ပျော်ခဲ့ရပါတယ် မျက်ရည်
ချူ drama တွေချိုးပြီး အလွမ်းဇာတ်သိမ်းရမှာပေါ့..ကိုယ့်အစီအစဉ်နဲ့ ကိုယ် အဆင်ပြေတော့မှာကို ကြား
ထဲက သာသနာ ဝင်ဖြတ်တဲ့ Jeon jungkook ကြောင့်
အခြေအနေတွေ ကမှောက်ကမ ဖြစ်ကုန်သည်။

YOU ARE READING
Selfish Romance 🔥( Completed )
Fanfic👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021