"မင်း လက်ပေး..."
jungkook ကားပေါ်တက်လာတာနဲ့ လက်လေးအားဆွဲယူ
လိုက်ကာ ခုနက ကိုက်ထားတဲ့ နေရာလေးကို ဂရုတစိုက်
ဆေးလူးပေးတော့..ဆွေးမြေ့စွာ ပြုံးကြည့်နေသော သူ.."ဆေးက ဘယ်က ရတာလဲ..?!"
"nurse ဆီက တောင်းယူလာတာ..!!
sorry- jungkook ငါ တမင် လုပ်တာမဟုတ်ပါဘူး.!!"ခပ်တွေတွေပြောရင်း ကြည့်တော့ သူက ကားလေးအား
စက်နိုးလျက် ခေါင်းလေးသာ ရမ်းပြသည်။"ငါ..Kim Tae Hyung နဲ့ ဘာလို့ လက်ထပ်ခဲ့လဲသိလား.?!"
"အင်း...spain မသွားခင်ထဲက မင်း appaနဲ့ omma တို့
ပတ်သတ်မှုကို ငါသိထားတယ်..jungkook-!!""ငါလုပ်ရပ်တွေ မှားလား..?!seok jin-!!"
ပင့်စက်တစ်ခုကို ခပ်ပြင်းပြင်း ရှိုက်ရင်း လေးကန်စွာ
ပြောတော့.."မင်းဘဲ ပျော်တယ်ဆို..မင်း omma အတွက် ဂလဲ့စားပြန်
ချေနေရလို့ ပျော်နေတာဆို..မဟုတ်ဘူးလား..?!"တည်ငြိမ်လွန်းသော အသံတုံးတစ်ခုနဲ့ ရှေ့တည့်တည့်ကို
ကြည့်ရင်း ပြောနေပေမယ့် ကျနော်တို့ နှစ်ယောက်လုံး
အတွက် ဒီစကားပြောခန်းဟာ ပေါ့ပေါ့ ပါးပါး မဖြစ်နေ
သလို သဟဇတလဲ မဖြစ်နေ..."အဲ့လို အငြိုးတွေနဲ့ ပျော်နိူင်ဖို့ စတေးလိုက်ရတဲ့ ပမာဏ
က သိပ်များတယ်..သူတို့ နာကျင်သလို ငါလဲ နာကျင်နေ
ရတာ.. !!"ဘယ်သူတွေ ဘာပြောပြော အားလုံးထဲမှာတော့ သူ့ကို
အသနားမိဆုံးဘဲ...သူ့ရဲ့ နာကျင်မှုကို ခံစားနိူင်သလို..
သူ့ရဲ့ စိတ်ဒဏ်ရာကိုလဲ ကျနော် အပြည့်အဝ နားလည်
တယ်...Jungkook ဟာ အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘ
တွေကြောင့် စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ သနား
စရာ ကလေးလေး တစ်ယောက်ပါ...ကြေကွဲဖွယ် အကြောင်းအရာတွေကိုဘဲ သူ့ရဲ့ နှလုံး
သား နုနုလေးထဲ သံမှိုစိုက်ခံရပြီး စိတ်ပင်ပန်းကြီးစွာ
ရှင်သန်ခဲ့ရတာ....မိသားစုရဲ့ နွေးထွေးမှုတွေကိုလဲ မခံစားခဲ့ရတဲ့ အပြင်..
ဖခင်ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရသလို မျှော်လင့်ချက်မဲ့ပြီး
အသက်ရှင်ရုံ ရှင်သန်နေတဲ့ အမေရဲ့ လက်ထဲမှာ ကြီး
ပြင်း ခဲ့ရတာဆိုတော့ သူ့ရဲ့အတိတ်နေ့ရက်တွေမှာ
ဒီကလေးလေး ဘယ်လောက်များ ငိုခဲ့ရမလဲ..နာကျင်
ခံစားခဲ့ရရှာမလဲ...

YOU ARE READING
Selfish Romance 🔥( Completed )
Fanfiction👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021