Chapter-29✨

1.4K 152 19
                                    

လမ်းသွား လမ်းလာ လူတိုင်းက ကြည့်သွားကြတယ်..
ဒီကောင်လေး နှစ်ယောက် ရူးနေပြီဆိုတဲ့ ထင်ကြေးပါ
သော အကြည့်တွေနဲ့ပေါ့..

ဒါပေမယ့် ကျနော်တို့က ဒီလို ရူးသွပ်နေရတာကို ပျော်
နေကြတာ သူတို့မှ မသိဘဲ..

အခုလို ရူးသွပ်မှုလေး ပိုင်ဆိုင်ရဖို့တောင် ကျနော်တို့
အတွက် ဘယ်လောက် ခက်ခဲခဲ့ရလဲ..

ဒီအခြေအနေလေး ပြန်ရဖို့ မျက်ရည်တွေ ပင်လယ်ကြီး
လောက် ကျပြီး သေမတတ် ကြေကွဲခံစားခဲ့ရတာ သူတို့
မှ မသိနိူင်ဘဲ..

ကျနော်တို့ အတွက်ကတော့ ခရီးသွားသလို ပြန်လှည့်
သွားလို့ မရနိူင်တဲ့ ကျနော်တို့ရဲ့ အတိတ်လှလှတွေကို
ပုံဖော် အသက်သွင်းနေကြတာလေ..

ကျနော်တို့လောက် ပျော်နေတဲ့လူရော ဒီကမ္ဘာမှာ ရှိနိူင်
ပါတော့မလား..

နှစ်ယောက်သား ညစာ စားပြီးလို့ ဆိုင်က ထွက်လာချိန်
မှာဘဲ တိုက်ဆိုင်စွာ ရွာနေခဲ့သော မိုးပြေးလေးများဟာ

လှပတဲ့ အတိတ်တချို့ကို ပြန်လည် သတိရစေပြီး
လွမ်းဆွတ် တမ်းတမှုတွေအား တိုးလာစေတယ်...

ဒီလိုနဲ့ဘဲ အထက်တန်း ကျောင်းသား ဘဝကလို..
အပူအပင်ကင်းကင်း ပြေးလွှားကစားပြီး မိုးရေတွေထဲ
ice cream ဗူးကိုယ်ဆီကို ချမ်းချမ်းအေးအေး စားကြ
ရင်း စိတ်တူကိုယ်တူ ရူးမိခဲ့ကြတယ်...

စားလို့ကုန်သွားတာနဲ့ jungkook က ကျနော့်ရဲ့ လက်ကို
အတင်းဆွဲပြီး လူသူ ကင်းမဲ့နေတဲ့ လမ်းမကျယ်ကြီးဆီ
တဟုန်တိုးပြေးတော့တာ..

မိုးဖွဲတွေကြား ကလေးတွေ အော်ဟစ် ကခုန်နေသလို
ပြေးလွှား ပျော်ရွှင်နေကြတဲ့ ကျနော်တို့ နှစ်ယောက်..

ဗွက်အိုင်တွေထဲ ခြေကန်ဆော့ပြီး စနောက် ရယ်မော
ခြင်းကို မရပ်တန့်နိူင်ခဲ့ဘူး..အော်အော်ပြီးကို ရယ်နေ
မိကြတဲ့ ကျနော်တို့...

ဒီလို ပျော်ရွှင်မှုမျိုး မရခဲ့တာ ဘယ်လောက်ကြာသွားခဲ့
ပြီလဲ..ပင်ပန်းခဲ့သမျှလဲ အားလုံး ပျောက်သွားသလိုဘဲ..

ကျနော် ပျော်လိုက်တာဗျာ..သူနဲ့အတူ အတောက်ပဆုံး ရယ်ပြုံးရင်း ပျော်ရွှင် ကြည်နူးခွင့် ရနေတာလေးနဲ့တင် နှလုံးသားရဲ့ အနာအားလုံး ပြန်ကျက်သွားရသလိုပါဘဲ..

Selfish Romance 🔥( Completed )Where stories live. Discover now