"Yarr-!! Kim seok jin အဲ့တာ ဘာလုပ်နေတာလဲ..?!"
စာကြည့်ပြီး အခန်းထဲ ဝင်လာတော့ ကုတင်ပေါ်မှာ
ကျကျနန အိပ်နေတဲ့ ငနဲကို ခပ်မာမာ အော်ပစ်ကာ
ကုတင်ခြေရင်းမှာ ခါးထောက်ရပ်နေလိုက်သည်။"အိပ်နေတာကို..ဘာလုပ်နေလဲ ဆိုတော့ ကျနော်က
ဘာပြန်ဖြေရမှာလဲ..voo ရာ...!!!""မအိပ်ရဘူး..အခုထ..အိပ်ချင်ရင် couch ပေါ်မှာအိပ်!!"
ခပ်တည်တည် ပြောနေတာမို့ seok jin အိပ်နေရာမှ ထ
ထိုင်လိုက်ပြီး နားမလည်သလို စိုက်ကြည့်ပြီးမှ ခြေပစ်
လက်ပစ်ကို ပြန်လှဲအိပ်နေလိုက်သည်။"Yarr- မင်းကို ထလို့ ပြောနေတယ်နော်....?!!"
"မထဘူးဗျာ..မထဘူး..ဒီမှာဘဲ အိပ်မှာ လုံးဝ မထဘူး!!"
အဖြစ်သည်းပြီး ကချောင်ကျနေတာမို့ အရွဲ့တိုက်ပြီး
ကို အိပ်ယာပေါ်တွင် ပေကပ်အိပ်နေလိုက်သည်။"ကောင်းပြီလေ..မထဘူးဆိုတော့လဲ..ထအောင်လုပ်
ပေးရတာပေါ့..!!""အာ့...!! Yarr-!! Kim Tae Hyung-!!!!!!"
တမင် ပေကပ်နေသူကို အမြင်ကတ်ကတ်နဲ့ ခြေထောက်
ကနေ ဆွဲမက ကုတင် ပေါ်မှ ဆွဲချပစ်လိုက်တာမို့ အကျ နာသွားရတဲ့ seok jin မှာ အီစိမ့်သွားသော တင်ပါးနှစ်
ဖက်ကို ပွတ်သပ်ရင်း ကြမ်းပြင်ထက်တွင် အာဗြဲကြီးနဲ့
ကို ကုန်းအော်နေပါတော့သည်။မဲ့ရှုံ့ ဆူပုတ်နေတဲ့ ရုပ်လေးကြောင့် ရီချင်စိတ်ကို မနဲ
ထိန်းကာ ကုတင်ပေါ်တွင် အခန့်သား သွားအိပ်နေ
လိုက်သည်။"တွေ့မယ်လေ..ခင်များရော ကျုပ်ကို ဒီလိုလုပ်ထားပြီး
ကောင်းကောင်း အိပ်လို့ရမယ် ထင်နေလား..!!!"ပြောလဲပြော ကုတင်ပေါ်ကို အားနဲ့ ခုန်တက်လိုက်တာမို့
ကုတင်တစ်ခုလုံး လှုပ်ယမ်းသွားပေမယ့် voo ကတော့
အရေးမစိုက်ဟန် ကျောပေးအိပ်နေသည်။ချက်ချင်းဆိုသလို သူ့ရဲ့ အားနည်းချက်ကို တွေးမိလိုက်
တာနဲ့ လက်နှစ်ဖက်ကို ချိုင်းနားသို့ အသာလေး တိုးကပ်
ရွေ့သွားလိုက်ပြီးမှ လျှိုတိုးဝင်လိုက်ကာ ကလိထိုး
နှိပ်စက်လိုက်တော့သည်။

YOU ARE READING
Selfish Romance 🔥( Completed )
Fanfiction👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021