Chapter-11✨

1.8K 192 21
                                    

"ဘယ်လောက်ပဲ ချစ်ချစ် မင်းနောက်ကွယ်မှာ သစ္စာမဲ့
နေတာကိုတော့ မသိချင်ယောင် ဆောင်မနေသင့်ဘူး
Kim Tae Hyung..!!အဲ့လောက် မရူးစမ်းနဲ့..!!"

ကျနော့်ရဲ့ အခန်းဖော်က jinnie ကို သူ့ကျောင်းက
ကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်လို့လာပြော
တယ်..

ကြားကြားချင်း ရေခဲတိုက်ထဲ ရောက်သွားသလိုကို
တကိုယ်လုံး အေးစက် တုန်လှုပ်သွားခဲ့ရတာ..

မယုံနိူင်စရာ ဘယ်လောက်ကောင်းလိုက်တဲ့ သတင်း
ဆိုးကြီးလဲ..ကဲ့ရဲ့ဝေဖန်ဖို့ပဲ တတ်တဲ့ လူတွေက မနာ
လိုလို့ အလားကား လိုက်သမုတ်ကြတာ ဖြစ်မှာပါ
လို့ပဲ စေတနာနဲ့ လာသတိပေးတဲ့ သူငယ်ချင်းကို
သူ့ဘက်က ဖာတေးပြောလိုက်ပါတယ်..

ဒါပေမယ့် jinnie နဲ့ တခန်းထဲ အတူတက်နေတဲ့ သူ့
ညီမလေးဆီက ကြားတာဆိုတော့ သပုတ်အူလေလွင့်
ပြောကြတဲ့ အကြောင်းတော့ ဘယ်ဟုတ်ပါ့မလဲ..!!

အဲ့လိုဆိုတိုင်း ကျနော်သိလာတဲ့ ကလေးက ခပ်ရှုပ်ရှုပ်
နဲ့ ပွေလီမယ့်သူမှ မဟုတ်တာ..အထူးသဖြင့် မိသားစု
လို ဖြစ်နေတဲ့ ကျနော့် အပေါ်ကို ဒီလိုလုပ်ရပ်မျိုး
ကျူးလွန်ပါ့မလား..

တခန်းလုံးကို လိုအပ်တဲ့ အကူအညီပေးပြီး အနေ
အေးဆေးတဲ့ ကျနော်နဲ့ အားလုံးက ခင်မင်နေကြတော့
ဒီတလော ဟိုပြောဒီပြောနဲ့ အတော်များများရဲ့ သတိ
ပေးစကားသံတွေက နားထဲပြန်ရောက်လာ​ခဲ့တယ်..

ကိုယ့် မျက်စိနဲ့ မတွေ့ရဘဲ အလွယ်တကူ သံသယ
ဝင်ရလောက်တဲ့အထိ သူ့အပေါ် မယုံကြည်တာတော့
မဟုတ်ဘူး..

သိသိသာသာနဲ့ကို ပြောင်းလဲနေတဲ့ ကျနော်တို့ ဆက်ဆံ
ရေးက အရာရာကို မီးမှောင်းထိုးပြနေပြီးသားပဲမို့..

တပတ်လုံးမတွေ့ဘူး ဆိုရင်တောင် Sunday တစ်ရက်
ကို မပြတ်မလပ် ရောက်လာတတ်တဲ့သူ အခုတော့မှ
ကျောင်းပြင်ပ အတန်းချိန်တွေ အကြောင်းပြပြီး
ကျနော့်ဆီ ရောက်မလာခဲ့တာ ၃ပတ် ရှိသွားပြီ..

၃နှစ်လုံးလုံး ဒီလောက် အကြာကြီးကို မတွေ့ဘဲ နေနိူင်
ခဲ့ကြသူတွေမှ မဟုတ်တာဘဲ..ဖုန်းဆက်ရင်တောင်
၁၀မိနစ်ထက် ပိုမပြောနိူင်အောင် စာတွေကို အရမ်း
ကြိုးစားနေခဲ့တဲ့သူ...

Selfish Romance 🔥( Completed )Where stories live. Discover now