Chapter-16✨

1.5K 153 9
                                    

Tae တစ်ယောက် အိပ်ယာလေးထက်တွင် လွန့်လူးနေ
ရင်း အိမ်မက်မဟုတ်ကြောင်း သိသာလွန်းတဲ့ အသံတစ်
ခုလာရာကို ဝုန်းခနဲ ထထိုင်ကာ ကြည့်လိုက်ရသည်။

ကိုယ့်မျက်လုံးကိုယ် မရုံနိူင်အောင် ဖြစ်နေတာမို့ လက်
နှစ်ဖက်နဲ့ မျက်စိကို အကြိမ်ကြိမ် ပွတ်ပြီး ပြူးဖြဲဖြဲ
လေးဖြင့် ထပ်တလဲလဲ ကြည့်မိပြန်သည်။

"အာ..!!ညက ဟိုကောင်တွေ..ကလေးအိမ်ကို ပြန်ပို့
လိုက်တာပဲ..သေစမ်းကွာ..!!"

စိတ်ထဲကနေသာ ရေရွတ်လိုက်ရင်း နဖူးကို ခပ်ပြင်းပြင်း
ရိုက်ပြီး မိမိကိုယ် မိမိ အပြစ်တင်မိသည်။

ဘယ်တော့မှ ပြန်မလာဘူးပြောခဲ့ပြီး မူးမူး ရူးရူးနဲ့
ကုတင်ပေါ်ထိ ရောက်နေပါ့လား..?!

မင်းမျက်နှာကို လှီးသာချလိုက်တော့ Kim Tae Hyung!!

တစ်ယောက်ထဲ ရန်ဖြစ်နေတဲ့ Tae ဟာ အူကြောင်ကျား
လေးဖြစ်ရင်း အိပ်ယာပေါ်တွင် မလှုပ်မရှုက် ထိုင်နေရာ
က seok jin ရှိရာ ငေးငေါင်ကြည့်မိတော့...

"Morning voo-!! နိုးလာရင် ရေချိုးတော့လေ..!!"

မှန်ရှေ့တွင် ဆံပင်တွေကို gel နဲ့ လှန်သပ်တင်ပြီး ကျကျ
နန ဖီးလိမ်း ပြင်ဆင်နေသူမှာ သူ့ကိုယ်သူ စိတ်ကျေနပ်
ဟန်ရှိတော့မှ ကျနော့်ဘက်သို့ လည်ပြန်လှည့်လာပြီး
တောက်တောက်ပပ အပြုံးတွေနဲ့ ဝမ်းပန်းတသာ နှုတ်
ဆက်လာသည်။

စိတ်ညစ်တယ်..seok jin...ဘာမှ မဖြစ်ခဲ့သလို မပြုံး
စမ်းပါနဲ့လား...

ငါ့မှာတော့ ဒီရက်တွေမှာ မင်းကြောင့်နဲ့ ဘယ်လောက်
ပင်ပန်းခဲ့ရလဲ..

မသောက်ဖူးတဲ့ အရက်တွေ သောက်ပြီး အလဲလဲ
အကွဲကွဲ မူးခဲ့ရတာလဲ..မင်းကြောင့်...

စာတွေလုပ်မရဘဲ စိတ်တွေ လေ နေခဲ့ရတာလဲ မင်း
ကြောင့်ကွ...

ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ အိမ်မရ စားမရနဲ့ နေ့တွေ
ညတွေ မှားခဲ့ရတာလဲ..မင်းကြောင့်ဘဲ..

Selfish Romance 🔥( Completed )Where stories live. Discover now