Chapter-3✨

1.9K 223 14
                                    


ဆယ်ကျော်သက်အရွယ် အချစ်ပုံပြင်လေးဟာ နုပျို လတ်ဆတ်ပြီး အမွှေးရနံ့ ထုံကြိုင် သင်းပျံ့တဲ့ ပန်းခင်းကြီး တစ်ခုနဲ့ အလားသဏ္ဍန်တူတယ်ဆို~~

အရောင်အသွေးစုံတဲ့ ပန်းလေးများရဲ့ အလှကို
မွေ့လျော် ခံစားမယ်..တယုတယ နမ်းရှိုက်မယ်..
အကြည်ဓာတ်လေးတွေမှာ စီးမြော ရင်ခုန်မယ်...

ကျနော်ဟာ အဲ့ပန်းခင်းရဲ့ ပန်းပျိုးသူ ဆိုပေမယ့်လို့
ညိုးနွမ်းသွားတဲ့ ပန်းတွေကို ညှပ်ထုတ် ဖယ်ရှားပစ်ဖို့
ဝန်မလေးသူ တစ်ဦး...

ထိုပန်းတွေကို မချစ်တဲ့ အယောင်ဆောင် ပန်းပျိုးသူပေါ့...

ဆွဲဖက်ခံလိုက်ရတဲ့ အခိုက်အတန့် ထိုလူသားရဲ့ ဆွဲငင်
ညို့ယူမှုတွေဟာ အသက်ရှုသံတွေ မှားရအောင်ကို စိတ်
လှုပ်ရှား ရင်ခုန်စေခဲ့ပါတယ်..

ဒါဟာ ကျနော် အရူးအမူး ဖြစ်ရပါသော romance...
အဲ့အရာလေးတွေကို တွေးရတာ ခံစားရင်ခုန်
ရတာတွေကို နှစ်ခြိုက်သူ ဆိုတော့ ဒီအခိုက်တန့်ဟာ
အဖိုးတန်လေးပေါ့..

စိတ်ကူးယှဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းတွေကို လှလှပပလေး ရူးသွပ်လိုက်ချင်မိတဲ့ အာသီသကို ရိုးမယ်ဖွဲ့ရင်

သူ့ရဲ့ အသက်မဲ့လွန်းတဲ့ ညို့မျက်ဝန်းစိမ်းတွေနဲ့ စတယ်
လို့ ဖြေရလိမ့်မယ်...

ကြည်နူးဆွတ်ပျံ့ဖွယ် ရင်ခုန်သံတွေကို မြတ်နိုးတန်ဖိုး ထားခြင်းနဲ့ ပေါင်းစပ်ရ ပြန်တော့ ပျားပုတုံး လေးတွေ
ကျနော့် ဘေးနား ဝဲပျံ့ရင်း ဖွဲ့နွဲ့ ဆိုညဉ်းကြမယ့်
တေးဂီတ လှလှလေးများ ဖြစ်ကောင်းလောက်ပါရဲ့...

ဒါဟာ လှပလွန်းတဲ့ ဂန္တာဝင် တေးသွား တစ်ပုဒ်ဆို
စွဲမက်ဖွယ် ပိရိသေသပ်ပါတဲ့ နီဆွေးဆွေး နှုတ်ခမ်းပါး
လေးတွေက ချစ်စဖွယ် melody လေးများသာ..။

ဒီနေ့ကစ ထိုလူသားဟာ ကျနော် ဖန်တီးမယ့် ဇာတ်လမ်း
လေးရဲ့ပဲ့ကိုင်ရှင်..။

ကျနော့်ရဲ့ စိတ်ကူးယဉ် ကမ္ဘာလေးမှာ လှပတဲ့ ပန်းပွင့်
လေးတွေ အရောင်အသွေးစုံစွာ ပွင့်လန်းနေကြတုန်း...

Selfish Romance 🔥( Completed )Where stories live. Discover now