Chapter-4✨

1.7K 222 14
                                    

basin မှာ မျက်နှာသစ်ပြီး မှန်ထဲက ကိုယ့်ကိုယ်ကို
ကြည့်ကာ နှုတ်ခမ်းလေးကို ကိုင်တွယ်လိုက်ရင်း
အတွေးထဲ ဝင်လာတဲ့ အချိုမြိန်ဆုံး အနမ်းလေးနဲ့
နှုတ်ခမ်းဖူးလေးကြောင့် သဘောကျစွာ ပြုံးမိသည်။

စိတ်ထဲမှာလဲ ခုန်ပေါက်ချင်သလို ခံစားချက်တွေနဲ့
အရူးလိုမျိုး နှစ်နှစ်ကာကာ ပြုံးပဲပြုံးမိနေတယ်...

မှန်ပြတင်းတွေဆီက ဖြိုးတိုးဖျက်တက် လင်းလက်
နေတဲ့ မြို့ပြအလှဟာ ဒီနေ့ညမှ အသက်ဝင်နေ၏..။

ခန်းစီးတွေဆီက တရိပ်ရိပ် ဖြတ်လျှောက်လာတဲ့
လေပြေလေညှင်းတွေက ရင်ခုန်မှု အဟုန်ကို
သယ်ဆောင်လာတော့~~~

တလက်လက် တောက်ပနေတဲ့ ဓူဝံကြယ်လေးကို
တိုးတိုး ကြိတ်ကြိတ် ဝန်ခံလိုက်ရသည်မှာ ကျနော် သိပ်ပျော်နေတဲ့ အကြောင်းတွေသာ....

အိပ်ယာလေးပေါ် ပစ်လှဲလိုက်ပြီး အသံထွက် ရယ်မောရ
ခြင်းဟာ ဦးနှောက်ထဲက သူ့ရဲ့ ချစ်စရာ အပြုအမူလေးတွေကို ပြန်တွေးမိလို့..

စာကြည့်စားပွဲမှာ ထိုင်မလို့ လုပ်တုန်း တုန်ခါလာသော
ဖုန်းကို ကောက်ကိုင်လိုက်ရင်း..

"တကယ့် ဦးလေး gim ပီသပါပေတယ်..နေ့တောင်
မကူးသေးဘူး စုံစမ်းပြီးသွားပြီ.."

"ကဲ..ကြည့်ရအောင်..!!"

သူက ဂမ်နမ်ရဲ့ five star mission တစ်ခုမှာ stuffs တွေနဲ့
နေတယ်တဲ့..မိဘတွေက Spain မှာ business agency
တစ်ခုကို ဦးစီးလုပ်ကိုင်နေကြတဲ့သူတွေ..

သူ့မှာ သူငယ်ချင်းဆိုလို့ ကျနော့်တို့ကျောင်းက hoseok
တစ်ယောက်ပဲရှိတယ်..ပိတ်ရက်တွေမှာ game တွေဘာ
တွေ အတူတူ ဆော့ကြတယ်ပေါ့..။

screen ကို ကြည့်နေရင်းက အပြုံးတချို့ဟာ တဖြည်း
ဖြည်း စိတ်ကွယ်သွားရင်း အံ့ဩသွေးပျက် ခြင်းသို့
ပြောင်းလဲသွားရသည်။

မကြာသေးခင်က ကြည်နူးစရာ အတွေးတချို့နဲ့ စိတ်ကူး
အမျှင်တွေကို ကြေမွ ပျက်စီးအောင် လုပ်နိူင်သော သူ့ရဲ့
အကြောင်းတွေ...

Selfish Romance 🔥( Completed )Where stories live. Discover now