Chapter-38✨

1.9K 160 42
                                    

" အဟွတ် ... အဟွတ် ... အဟွတ် !! "

အန္တရာယ် အရှိဆုံး အချိန် ရောက်လုနီးနီးမှာပဲ ..

jungkook လည်ပင်းဆီမှ သူ့ရဲ့လက်တွေအား ခက်ခက်
ခဲခဲ ပြန်ရုတ်နိူင်သွားသည်။

jungkook ကတော့ ကြမ်းပြင်ပေါ်တွင် ပုံလျက်သား
လဲကျ သွားကာ ပြင်းထန်စွာ အသက်ရှုနေရဆဲ ..

မကောင်းတဲ့ စိတ်တွေ လွန်ဆွဲခဲ့လဲ သူ့ကို ချစ်တဲ့ အချစ်
ကသာ နောက်ဆုံး အနိူင်ရသွားခဲ့တာပါ ..

ကျနော့် လက်နဲ့ သူ့ကို ဘယ်လို သတ်ရက်ပါ့မလဲ ..

ကျနော် မသတ်နိူင်ခဲ့ဘူး ..

ဒါပေမယ့်လဲ ကြောက်မက်ဖွယ်ရာ ဒီမနက်ဟာ
အဆုံးအရှုံးနဲ့ အသေအပျောက်တွေ သိပ်များခဲ့တယ် ..

ပထမ ကျနော့်ရဲ့ နှလုံးသား ..

ဒုတိယက သူ ..

ကျနော့် ဘဝမှာ jungkook ဆိုတာ သူ အခုချိန်ကစပြီး

မရှိတော့ဘူး .. သေဆုံးသွားခဲ့ပြီ ..

နောက်ဆုံး ကတော့ ကျနော်ကိုယ်တိုင်ပါပဲ ..

ကျနော့် ကိုယ် ကျနော်လဲ အဲ့နေရာမှာ တခါတည်း
သတ်ပစ်လိုက်တာ ..

အယိုင်နဲ့ ဆုံးသော ခြေလှမ်းတွေနဲ့ ရေချိုးခန်းထဲသို့
ကတုန်ကယင်ဖြင့် တလှမ်းချင်း ဝင်သွားခဲ့ပြီး ..

သူ့ ခန္ဓာကိုယ်တစ်ခုလုံးအား bathtub ထဲက ရေတွေ
ထဲသို့ ခေါင်းအထိ နစ်မြုပ်နေအောင် ငုပ်လျှိုးချလိုက်
သည်။

နာကျင်စွာ အသက်ဆက်ရှင်ရမဲ့ မနက်ဖြန်တွေအား
ခါးခါး တူးတူးနဲ့ကို မုန်းသွားခဲ့တာမို့ အသက်ရှူတာ
တောင် မလုပ်ချင်တော့ ....

ခဏ အကြာမှာတော့ ထိုအခန်းလေးဟာ ခြောက်ကပ်
တိတ်ဆိတ်ခြင်းများစွာဖြင့် အေးစက် မှောင်မိုက်သွားတော့သည်။

မာရ်နတ် ဝင်ဆီးခံလိုက်ရတဲ့ မိုးသောက်ယံကတော့
သူတို့နှစ်ဦးရဲ့ မျက်ရည်တွေကို စားသုံးရင်း ပျော်နေ
ရှာတော့တယ် ... ။

••••••••••••••။••••••••••••

တစ်စုံတရာရဲ့ နွေးထွေးတဲ့ အထိအတွေ့ တစ်ခုအား ပါး
ပြင်ပေါ်မှာ အိခနဲ ခံစားလိုက်ရတာနဲ့ လေးကန်လွန်းနေ
တဲ့ မျက်ခွံများကို ဖွင့်ဟ ကြည့်မိတယ် ..

Selfish Romance 🔥( Completed )Where stories live. Discover now