ညက jungkook နဲ့ အတူတူ အိပ်ပျော်သွားလိုက်တာ...
မနက် ၂နာရီလောက်မှ တရေးနိုးလာတော့တယ်..တနေကုန် ထမင်းမစားဘဲ သရေစာမုန့်လောက်ဘဲ စား
ထားတာဆိုတော့ ဗိုက်ထဲကလဲ တဂွီဂွီ တဂွမ်ဂွမ်နဲ့ကို
ဆန္ဒပြ လာတော့တယ်...ဘေးက အငိုသန်သူကြီးကတော့ ပင်ပန်းပြီး နှစ်နှစ်ခြိုက်
ခြိုက်ကို အိပ်ပျော်နေတုန်း..ဆာလောင်နေတဲ့ ဗိုက်ကိုဖြည့်ဖို့ အခန်းထဲက ထွက်ပြီး
kitchen room ဆီ အသွား ကျနော့် ခြေသံကြားတာနဲ့
ဖျက်ခနဲ လင်းသွားတဲ့ တအိမ်လုံးကမီးတွေ.."အာ့..!!"
living room ထဲ ကျနော့်ဘက် မျက်နှာမူပြီး ရပ်နေတဲ့
မိန်းကလေး တစ်ဦး..ရုတ်တရပ် မြင်လိုက်ရတာမို့
အထိတ်တလန့် အော်မိသွားတဲ့အထိ..ဒီအချိန်ကြီးကို အိမ်ထဲ ဘယ်သူရောက်နေတာလဲ..?!
မဟုတ်မှ..သူခိုးလား..?!သရဲလား..?!"ဟို..ညီမက သခင်လေး jungkook နဲ့ သိပါတယ်.!!"
စကားပြောသားပဲ..တော်ပါသေးရဲ့..သရဲထင်နေတာ..!!
"ဟူးး..လန့်လိုက်တာ..!! ဘယ်သူလဲ..?.!"
seok jin တဖြည်းဖြည်း အနားတိုးသွားလိုက်ပြီး ခပ်
ကျယ်ကျယ် မေးလေသည်။"လန့်သွားရင်..တောင်းပန်ပါတယ်နော်..ဟို..ညီမက..
ဒီအိမ်ကို ထိန်းသိမ်းပေးနေတဲ့ မိသားစုရဲ့ သမီးပါ..""အဲ့တော့..ဒီချိန်ကြီး အိမ်ထဲ ဘာလာလုပ်နေတာလဲ..?!"
စိတ်ထဲ ဘဝင်မကျတာမို့ ခပ်မာမာနဲ့ မေးတော့ မျက်နှာ
လေး ငယ်သွားသော ထိုမိန်းကလေးက ထူးဆန်းတဲ့
ရည်ရွယ်ချက်ရှိမဲ့ပုံတော့ မပေါ်.."ညရောက်ထဲက ဘာမှ မစားကြသေးလို့လေ..ဗိုက်ဆာ
နေမဆိုးလို့ omma နဲ့ ထမင်းပြင်ပေးဖို့ လာစောင့်နေကြ
တာ...ဟို.အစောကမှ omma က အိမ်ပြန်သွားတာပါ..
ညီမတို့က အနောက်ဘက် ခြံမှာနေတာလေ..!!""ထမင်း..?! ဟုတ်တယ်..အခုဘဲ ဗိုက်ဆာလာလို့
ထလာတာ..ပြင်ပေးနိူင်မလား..?!"

YOU ARE READING
Selfish Romance 🔥( Completed )
Fanfiction👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021