သားဖြစ်သူ၏ အကြိုက်ဆုံး ဟင်းပွဲတစ်ခုကို စိတ်
တိုင်းကျပြင်ဆင်ပြီးတာနဲ့ jungkook အတွက် ရည်ရွယ်
နှပ်ထားခဲ့တဲ့ Latte coffee လေး တစ်ခွက်နဲ့ အတူ...ပြီးပြည့်ဆုံစွာ အသက်မဲ့လျက်ရှိသော မနက်ခင်း
ထမင်းဝိုင်းလေးတွင် ပင့်သက်ရှိုက်သံများဖြင့်..တစ်စုံတရာအား အကြောင်းရင်းမဲ့ ထိုင်စောင့်နေရခြင်းဟာ ဒီအိမ်တော်ကြီးထဲက သူမရဲ့ဝမ်းနည်းဖွယ်ရာ
နေ့စဉ် အလုပ်တစ်ခုပင် ဖြစ်ခဲ့ရသည်။ရင်ဘတ်ထဲက တမြေ့မြေ့လောင်နေသော မီးဆများ
ကြား စိုးရိမ်ပူပန်မှုတွေနဲ့ အတူ ချည်းကပ်မိပြန်တော့..အပြုံးရိပ်နဲ့ ရယ်သံတချို့ကင်းမဲ့ရာဇုန်လို့ ရင်နာနာနဲ့
တင်စားရတော့မယ့် သူမတို့အိမ်လေးတွင် ယခုဆိုလျှင်
ငိုကြွေးသံများကပါ ထပ်လောင်း အသက်ဝင်လာတာမို့ ရင်ဘတ်ထဲမှာလဲ မချိမဆံ့နဲ့ နာကျင်နေရရှာသည်။သူမကိုယ်တိုင်မှာလဲ ဝမ်းနည်းပက်လက် ပူဆွေးငိုကြွေး
ရုံမှ တပါး မည်သည်ကိုမှ မတတ်နိူင်သည်ကြောင့်..အတိတ်တစ်ခုတွင် မိုက်ရူးရဲဆန်စွာ ကျူးလွန်ခဲ့တဲ့
အချင်းအရာများ အပေါ်တွင်သာ ရင်ကွဲမတတ်
နောင်တရရင်း ပါးပြင်ပေါ်လှိမ့်ဆင်းလာခဲ့သော
မျက်ရည်တချို့အား ခပ်ဖွဖွ သုတ်ရတော့တယ်...လှေကားထစ်တွေမှ တဆင့် jungkook ဆင်းလာသည်
ကို မြင်တာနဲ့ ထမင်းစားခန်းထဲမှ ခပ်သွက်သွက် ပြေး
ထွက်လာကာ ရှေ့မှ ကြိုဆီးတားလိုက်ရင်း.."သား..jungkook aunty နဲ့ ခဏလောက် စကားပြော
လို့ရနိူင်မလား..??!"သူမ၏ အမေးကို jungkook က သက်ပြင်းတစ်ခုအား
လေးကန် ကျယ်လောင်စွာချပြပြီးမှ..living room ဆီ စိတ်မပါ လက်မပါဖြင့် လျှောက်သွား
ပြီး couch တစ်ခုပေါ်တွင် ထိုင်လျက် အခန့်သားစောင့်
နေပုံမှာ ခက်ထန်မာကျောလျက်.."သားတို့ မနေ့ညက ဘာကြောင့် ရန်ဖြစ်ကြတယ်ဆို
တာ တိတိကျကျ မသိပေမယ့် အကြမ်းမျဉ်းတော့
aunty သဘောပေါက်တယ်..သား.!!"

YOU ARE READING
Selfish Romance 🔥( Completed )
Fanfiction👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021