"ဆက်သွယ်မှုဧရိယာပြင်ပ.~~"
အကြိမ်ပေါင်းမြောက်များစွာ တလွဲဇွဲကြီးရင်း ဖုန်းခေါ်ဆို
နေမှုကို လှောင်ပြောင် ဂုဏ်ပြုရင်း အသိအမှတ်ပြုသူဟာ operator က အမျိုးသမီးတစ်ဦးသာ...လူကြီးမင်းဆိုတဲ့ ထပ်တလဲလဲ ဆီးကြိုရေရွတ်သံက
ပဲ့တင်ထပ်ပြန်တော့ ကြံရာမရဖြစ်ရင်း နေ့ခင်းကြောင်
တောင် လမ်းပျောက်ရသူမှာ ကူကယ်ရာမဲ့နေရှာ၏။ဖုန်းလိုင်းချင်း အချိတ်အဆက်မမိနိူင်သလို ကျနော်ဆို
သူက အသိမှတ်ပြုခံရခြင်းရဲ့ ဧရိယာပြင်ဘက်မှာ ခြေစုံ
ရပ်စောင့်နေရတာမို့ သူမခေါ်ဘဲ သွားလာခွင့်မရှိတော့
တဲ့ အရံလူတစ်ယောက်သာ ဖြစ်နေခဲ့ပြီလား...သူ့သဘော ဆန္ဒအလျောက် party လိုက်ပေးပါဆိုပြီး
ဘယ်တုန်းက ဘယ်လို ပြန်သွားလဲမသိဘဲ ယောင်ချာ
ချာနဲ့ ကျန်နေခဲ့ရတဲ့ ကျနော်ဟာ သူအကွက်ရွေ့ချင်တိုင်း ရွေ့လို့ရတဲ့ သူ့ရဲ့ နယ်ရုပ်လေးအလား..တစ်ခုခု ဖုံးကွယ်၊လှည့်စားနေတာ သိလျက်နဲ့ ပြသာနာ
မရှာဘဲ ရိုးရိုးသားသား အကြောင်းတစ်ခုခုကြောင့်လို့ဖြည့်တွေးရင်း ဖာတေးပေးနေမိတဲ့ ကျနော်ဟာ သူ့ကို
မုသာဝါဒ မကျူးလွန်စေချင်တဲ့ အတွက်လို့ ခေါင်းစဉ်
တပ်ရင်း ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်နေရခြင်းက ရယ်
စရာ ကောင်းလောက်တဲ့ သနားဖွယ်ရာ ဖြစ်ရပ်ပါပဲ..သဘာဝအတိုင်း ဖြစ်တည်လာတဲ့ အရာတွေတောင်
အချိန်တစ်ခုရောက်ရင် အနည်းနဲ့ အများ ပျက်ဆီးကြ
ရသေးတာပဲ..လူသားတွေရဲ့ ဆက်နွယ်မှုဆိုတာ ခံစား
ချက်ပေါ်မှာပဲ အရင်းတည်တာမို့ ပြောင်းလဲလွယ်တာ
သိပ်မဆန်းလှ....။ထိုခံစားချက်တွေ အထွန့်ရှည် ခိုင်မြဲစေဖို့ မေတ္တာတွေ
သံယောစဉ်တွေနဲ့ မွမ်းမံ တည်ဆောက်ကာ ချစ်ခြင်း
အသိုက်အမြုံကို ဖန်တီးကြရင်း ချည်နှောင်ကြတာ
မဟုတ်ပေလား....ဒါတွေကြောင့်ပဲ ပြောင်းလဲလွယ်တဲ့ သူရဲ့ စိတ်ကို
ကျနော် သိသင့်သလောက် သိထားခဲ့ရပေမယ့်..
အတတ်နိူင်ဆုံး နားလည်ပေးထားခဲ့တယ်..

YOU ARE READING
Selfish Romance 🔥( Completed )
Fanfic👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021