မည်းမှောင် တင်းရင်းနေသော မျက်နှာထားနဲ့ လှေကား
ဆင့်ကို ဖိနပ်ထိပ်ဖြင့် အကြိမ်ကြိမ် ထိုးတိုက်ကာ ခေါင်းလေးပုဝင်နေတဲ့ jungkook ဟာ စိတ်ရှုပ်နေဟန်ဖြင့်
ကျန်နေခဲ့တော့သည်။တခြားအရာတွေမှာ jungkook ဆိုတဲ့ကောင်
ကျနော့်ထက် သာကောင်းသာနိူင်ပေမယ့် ဒီလို
ကိစ္စတွေက ကျနော် အကျွမ်းကျင်ဆုံး ဖြစ်တာ
ကြောင့် သူနိူင်မှာ မဟုတ်ပါဘူးလို့ တွေးမိတော့
ဝမ်းသာလုံးများ ဆို့တက်လာရသည်။"အခန်းထဲ ဘယ်သူအရင် ရောက်ရောက် ပြိုင်
ကြမလား..?!"အဟား..ဒီကောင် ကြံရမရဘဲ သိုင်းကွက်နင်းမယ်
အကြံနဲ့ လှမ်းအော်ပြောနေတာ မသိရင်ခက်မပေါ့။"ဟွန့်.!! ကလေးကလား.."
လှည့်ကိုမကြည့်ဘဲ အသံလုံလုံနဲ့သာ ပြန်ပြော
ပစ်လိုက်သည်။ပြေးဖို့နေနေ လမ်းတောင် အမြန်မလျှောက်ချင်တဲ့
သူကို..ဟာသတွေ လာပြောနေတယ်.."မင်း ငါ့ကို မနိူင်တာ သိလို့မလား..!!"
ဒီကောင်ဟာလေ ဘဝင်ရူးနေတဲ့ စကားတွေနဲ့ ကျနော့် စိတ်ကို ဘယ်လိုစွရမလဲ အတော်သိတဲ့ကောင်..။
"ဘာကြေးလဲသာ ပြောလိုက်စမ်းပါကွာ..!!"
Kim seok jin က စိန်ခေါ်ရင် ဘာကြေးဖြစ်ဖြစ်
နဲ့ကို ပြိုင်ပြီးသားပဲလေ...။"ဒီတနေ့လုံး တောင်းဆိုတာ ခိုင်းတာမှန်သမျှ အကုန်
လုပ်ပေးကြေး!""Ok-!!"
ချက်ချင်းဆိုသလို ကျနော့်ဘေး ရောက်လာပြီး
ခြေလှမ်းများကို ညီအောင် ညှိလိုက်ကြကာ
အချင်းချင်းကြည့်ပြီးတာနဲ့ ပြေးဖို့ အသင့်ပြင်
လိုက်ကြသည်။အလားကားသက်သက်မဲ့ အပင်ပန်းခံသလို ဖြစ်နေ
ပေမယ့် စိန်ခေါ်လာရင်တော့ မတွန့်မဆုတ် ယှဉ်ပြိုင်
ချင်သေးတဲ့ စိတ်ကြောင့် အစွမ်းကုန် ကြိုးစားဖို့သာ
တွေးလိုက်မိသည်။

YOU ARE READING
Selfish Romance 🔥( Completed )
Fanfic👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021