Chapter-14✨

1.5K 176 16
                                    

"voo-!! alarm  ပိတ်ပေးပါ..!!"

"Voo-!!!"

seok jin တစ်ယောက် စိတ်အနှောက်အယှက် ဖြစ်စရာ
alarm သံကို ပိတ်ပေးဖို့ အမည်တစ်ခုကိုသာ ထပ်တလဲ
လဲဖြင့် ငြူဆူဟစ်အော်ရင်း ခေါ်နေမိပေမယ့်..

မရပ်မနား မြည်နေသော alarm လေးကို အလိုက်တသိ
ဖြင့် အလျင်အမြန် ပိတ်ပေးမယ့်သူဟာ သူ့နံ့ဘေးတွင်
ရှိမနေတော့သည်ကို လုံးလုံးလျားလျား မေ့လျော့နေခဲ့
ပြန်တော့သည်။

"ရူးနေပြီ..Kim seok jin -!!!"

အိပ်ယာဘေးကို လက်လေးနဲ့ စမ်းပြီး စိတ်ဆိုးပစ်ဖို့
ပြင်လိုက်ပေမယ့် ကျနော့် ဘေးနေရာလေးဟာ
ကွက်လပ်လေး ဖြစ်လို့နေခဲ့တာကြောင့် ခြေကန်ပြီး
ထလိုက်တာနဲ့ အလိုလို ရေရွတ်မိတာက ကိုယ့်ကိုယ်
ကို အပြစ်ဖွဲ့ဆိုမှုတွေသာ..ပြီးရင်တော့...

တစ်ပတ်ကျော်လောက်က အကြောင်းအရာတွေဟာ
အတွေးထဲသို့ ကတိုက်ကရိုက် ဝင်ရောက်လာတာမို့

သက်ပြင်းတွေသာ အတွင်တွင် ချရင်း စိတ်စနိုးစနှောင့်
ဖြစ်မှုတွေနဲ့ အတူ နိုးထလာရတဲ့ မနက်တချို့မှာ တပတ် ကျော်လောက် နေထိုင်ခဲ့ပြီးပေမယ့် အခုထိ ကျင့်သားမရ
နိူင်သေးတာမို့ ကိုယ့်ကိုယ်ကိုလဲ တကယ် အားမရ...

ဘာရယ်မသိသော တစ်စုံတစ်ရာဟာ သိသိသာသာကို
ပျောက်ဆုံးနေခဲ့သလို ခြောက်ကပ်သွားတဲ့ ကျနော့်ရဲ့
ပန်းနုရောင်အခန်းငယ်နဲ့ အတူ ပုံမှန် အလုပ်မလုပ်တော့
သော ကျနော့်ရဲ့ ဖုန်းလေး...

မနက်တိုင်း အသက်ဝင်တဲ့ ဖုန်းလေးကလဲ ခေါ်ဆိုသူ
မဲ့သွားတာမို့ ကျနော့် အိပ်ယာဘေး အသံတိတ်လျက်

Morning ဆိုတဲ့ နံနက်ခင်း နှုတ်ဆက်စကားတွေနဲ့
တနေ့တာအတွက် ဆုံးမ ဩဝါဒတွေကို မငြီးမငွေ့
မှာတမ်းခြွေတဲ့ ထိုလူသားရဲ့ ဩရှုရှုအသံအေးလေး
ကို သေလောက်အောင် ကြားချင်နေမိတဲ့ အကြောင်း
တွေကိုတော့ ကျနော်နဲ့ ကျနော့်ရဲ့ ကိုယ်စောင့်နတ်
သာ သိပါလိမ့်မည်။

နာရီပေါင်း ၁၆၈ နာရီ အတွင်း မနက်တိုင်းလိုလို
အယောင်ယောင် အမှားမှား မြည်တမ်းနေမှုတွေကို
အဆုံးသတ်၍ မရနိူင်ခဲ့သလို...

Selfish Romance 🔥( Completed )Where stories live. Discover now