Chapter-37✨

1.3K 139 47
                                    

" အဲ့တော့ မင်းတို့က အခု အတူ နေကြတာပေါ့ ?!"

မျက်လုံး မျက်စံပြူးကာ အော်ကြီးဟစ်ကျယ် မေးလာ
သော hoseok အား seok jin ပြုံးစိစိဖြင့် ခေါင်းလေး
ညိတ်ပြလိုက်သည်။

" မင်းတို့ကွာ !! ငါတို့မှာတော့ မင်းတို့ ပျောက်သွားလို့
အသည်းအသန် လိုက်ရှာလိုက်ရတာ !! "

" ဟုတ်ပကွာ !!! အခုတော့ သူတို့က အိမ်တွင်းအောင်း
ပြီး ချစ်ရည်လူးနေကြတာကိုး !! "

" ပြီးတော့ company ကိုလဲ ပစ်သွားကြတယ်လေ ..
သူတို့ မရှိတော့ company တစ်ခုလုံး ဇောက်ထိုး မိုး
မြှော်တွေကို ဖြစ်သွားတာ .. မပြောချင်ပါဘူးဗျာ !!
အဲ့နှစ်ယောက်ကိုတော့ ဘယ်သူ့မှ မနိူင်ဘူး !! "

အတိုင်အပေါက်ညီစွာ ပြောနေတဲ့ hoseok နဲ့ joongii
တို့အား ji min ကပါ မီးလောင်ရာ လေပင့်လိုက်ပေမဲ့
seok jin ကတော့ အအေးလေးသောက်ကာ ကျေနပ်နေ
သလို မျက်နှာကြီးဖြင့် အပြုံးမပျက်သွားပေ .. 

" အဲ့တော့ jungkook က Kim Tae Hyung နဲ့ ကွာရှင်း
တော့မှာပေါ့ .. ဟုတ်လား ?! "

" အင်းလေ .. ပြီးရင် ငါတို့ လက်ထပ်ကြမှာ !!
ဒီမှာနေရင်နေ မနေရင် တခြားနိူင်ငံတစ်ခုမှာ အခြေချ
ကြမလို့ !! "

Namjoon ရဲ့ အမေးအား seok jin အကျအန ရှင်းပြ
တော့မှ သူတို့ အားလုံးလဲ သက်ပြင်းချနိူင်ကာ ဝမ်းသာ
သွားကြတော့သည်။

" သူ့ အဖိုးကရော လက်ခံလား ?!! "

" jungkook ပြောတာတော့ ခါးခါးသီးသီး မဟုတ်တော့
ဘူးတဲ့ .. အခုတောင် သူက အလုပ်ပြန်ဝင်နေပြီလေ !!
အခုပဲ company ကို လိုက်သွားမလို့ .. !! "

" မင်းကလဲ အခုမှ တွေ့ရတာကို နေပါအုံးကွာ !! "

" sorry ပါကွာ .. ရုတ်တရပ် ငါရဲ့ kook ကို အရမ်း
လွမ်းလာလို့ ... !!! "

တဟဲဟဲ လုပ်ကာ မှိုရသလို မျက်နှာကြီးနဲ့ အကဲပိုလွန်း
တဲ့ seok jin အား တက်ညီလက်ညီ ဆဲလိုက်ကြပေမယ့်
သူကတော့ လျှာထုတ်ပြောင်ပြီး ဆိုင်ထဲမှ သွက်လက်စွာ
ပင် ထွက်သွားတော့သည်။

Selfish Romance 🔥( Completed )Where stories live. Discover now