ကိုယ်သိပ်ချစ်ရတဲ့သူကို တခြားလူလက်ထဲ ဘယ်လို
နည်းနဲ့မှ အပါမခံနိူင်ခြင်းဟာ တကိုယ်ကောင်းဆန်တာ မဟုတ်ဘူး..ကျနော့်ရဲ့ အချစ်ကို ကာကွယ်တာ..ဒီလိုပဲ အချစ်မှာ မတရားဘူးဆိုတာလဲ မရှိဘူး..
ရူးရူးနှမ်းနှမ်းနဲ့ အချစ်စစ်နဲ့ တွေ့ဆုံပါရစေလို့တော့
ဆုမတောင်းခဲ့ဖူးပေမယ့် ကျနော့်အရွယ်က နှလုံးသား
ရဲ့ စေညွှန်းရာ အတိုင်း အသည်းနင့်အောင် ချစ်ရမယ့်
လူကို စိတ်ကူးယဉ်ကြည့်ရင်း ရင်ခုန်တတ်တဲ့ အရွယ်
မဟုတ်လား..နှနယ်လတ်ဆတ်တဲ့ နှလုံးသားလေးကို အရောင်ဆိုး
အသက်သွင်းမဲ့ ချစ်ဦးသူ တစ်ယောက်ထဲကိုသာ
အသက်ထက်ဆုံး ချစ်မြတ်နိုးရင်း ပေါင်းဖက်ချင်
မိတာဟာလဲ ကျနော့်ရဲ့ အိမ်မက် အပိုင်းအဆတွေပေါ့။တိတ်တခိုးစောင့်မျှော်နေခဲ့ရတဲ့ နှလုံးသားရဲ့ ပဲ့ကိုင်ရှင်
ဟာ ကံတရားတစ်ခုလိုကို ကျနော့် ကမ္ဘာလေးထဲ
ဝင်ရောက်လာခဲ့ပြီ...သူကတော့ ကျနော့်ရဲ့ အချစ်ဦးသူ..Kim seok jin-!!
ကျနော်တို့ကြားက ပြိုင်ပွဲတွေ ဟန်ဆောင်မှုတွေ
အာလုံးကို နိဂုံးချုပ်ကာ အတည်တွဲဖြစ်ခဲ့ကြတဲ့
ကျနော်တို့နှစ်ယောက်..ကျနော့်ဘက်ကတော့ သူ့အတွက်ဆို အရာအားလုံး
စွန့်လွှတ်ပြီး သူ့အချစ်ကို ပိုင်ဆိုင်ရဖို့ သေကောင်း
ပေါင်းလဲ အချစ် တိုက်ပွဲဝင်တာ ဖြစ်ပေမယ့်..သူကတော့ အချစ်သေးသေးတောင် မပါဘဲ သူ့ခံစား
ချက်တစ်ခုထဲကြောင့် တွဲခြင်းသာ..ပြောရရင် သူ့ silent လေးဖြစ်ဖို့ တရားဝင်တွဲကြတဲ့
သဘောပါပဲလေ..အဲ့လိုမျိုးကို ကျနော့် အချစ်ဇာတ်လမ်းက ထူးဆန်း
လွန်းတာပေါ့..နေထွက်ချိန် အာရုံဦးကို ခံစားကြဖို့ ခိုက်ခိုက်တုန်အောင်
ချမ်းအေးသော မနက်ခင်းတွင် souel ရဲ့ တောင်ကုန်းမြင့်
တွေဆီ စက်ဘီးကိုယ်စီနဲ့ ထွက်လာခဲ့ကြတယ်..

YOU ARE READING
Selfish Romance 🔥( Completed )
Fanfiction👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021