နိုးနေကြတဲ့ အတိုင်း နိုးလာခဲ့ပေမယ့် သူနဲ့ ပတ်သတ်ရင် မှတ်ဉာဏ်အား ကောင်းလွန်းတာကြောင့် ..
တအိမ်ထဲ အတူတူ အိပ်ခဲ့ကြတဲ့ ပထမဆုံးနေ့မှာတင် အိပ်ယာဘေး ကွက်လပ်လေးကြောင့် အလန့်တကြား
လိုက်ရှာနေမိသော ကျနော်ပင် ..မျက်လုံးတွေ ပွင့်လာတာနဲ့ အလင်းရောင်တွေထက် သူ့
မျက်နှာ ချိုချိုလေးကိုသာ မြင်ချင်မိတဲ့ အာသီသတွေ
ရဲ့ အမျက် ဒေါသရိပ်လေးကြောင့် တစ်ယောက်ထဲ
နှုတ်ခမ်းလေး ဆူစိတ်ကောက်ပစ်ရင်း ...သွက်လက်လွန်းတဲ့ ခြေလှမ်းတွေနဲ့အတူ အသံတစ်ခု လာရာ kitchen room ဆီ အပြေးအလွှား သုတ်ချေတင်
ရင်း နံနက်ခင်း အနမ်းတွေ အတွက် ရင်ဖို စိတ်လှုပ်ရှား
နေခဲ့ရသည်။တစ်ယောက်ထဲ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ သူက
တော့ နောက်မှာ ရပ်နေတဲ့ ကျနော့်ကိုတောင် အာရုံမရ
နိူင်တဲ့အထိ ချက်ပြုတ်ခြင်းတွင် စျာန်ဝင်နေလေရဲ့...အပင်ပန်းခံ ချက်ပြုတ်နေရတာ ဆိုတဲ့ ဂရုဏာလေးနဲ့
သူ့ခါးလေးအား အတင်းကြပ်ဆုံး ဖက်တွယ်ရင်း ပါးနု
နုလေးပေါ် အနမ်းတစ်ခု အစပြုတော့ ခပ်ဟဟရယ်
ရင်း နဖူးပေါ် အနမ်းတွေ စွန့်ကြဲဖို့လဲ တာဝန် မပျက်ခဲ့ပါ ..." နိုးလာပြီလား .. ?!! "
" အင်း .. အစောကြီး နိုးနေတာလား ?! "
" ကိုယ့် jinnie လေးကို မနက်စာ ချက်ကျွေးချင်လို့လေ "
စားပွဲပေါ် ကြည့်တော့ ရမယ် ဆုံလှသော ဟင်းပွဲများက
အခွက်ပေါင်းများစွာနဲ့ ပူပူ နွေးနွေး မွှေးမွှေးပျံ့ပျံ့ဖြင့်
စားချင်ဖွယ် အတိ .." Wow .. ဒါတွေ .. မင်းတစ်ယောက်ထဲ ချက်တာ !!"
" အင်းလေ .. အားလုံး မင်းအကြိုက်တွေ ချည်းဘဲ .. "
နောက်ဆုံး ဟင်းချိုအိုးလေးအား ချရင်း ထိုင်ဖို့ အတွက်
ခုံလေးကိုလဲ ဆွဲထုတ်ပေးလာကာ အနံ့သင်းသင်းလေး
နဲ့ ကော်ဖီ ခွက်လေး တစ်ခွက်ကိုလဲ အဆင်သင့် ဘေးနား
ချလာပေးသည်။

YOU ARE READING
Selfish Romance 🔥( Completed )
Fanfic👊We are Rivals 💞He and I are Lovers But: I am Cheating on him.. 🔥I am not going to Defeat this competition,Never!! ✨Selfish Romance #Taejinkook 🐯🐹🐰 ✨Start Date - 1.8.2021 ✨End Date - 10.10.2021