🖤Part -1🖤

2.3K 74 0
                                    

[ Unicode ]

" နေသွေးအောင် သေချင်ပြန်ပီလား ငါ့လွယ်အိတ်ပြန် ပေး၊ပြန်ပေးလို့ပြောနေတယ်လေ ..အေးပါ မိလို့က တော့ နင်သေဖို့ပြင်ထား "

" နင်သာ ငါ့ကိုမိအောင် အရင်ကြိုးစားလိုက်ဦး..... ဟားးးးးး"

မိုးရွာ၍ရှင်းလင်းနေသော ရွာဘက်သို့ ဦးတည်နေ သည့် ကားလမ်းလေးထက်ရှိ စက်ဘီးလေးနှစ်စီးမှာ တော့ ရယ်သံလွင်လွင်တို့ဖြင့် ဆူညံနေလေသည်။

" အန်တီမျိုး သားတို့ပြန်လာပီ ဒီမှာ ချေမိုးလွယ် အိတ် "

" ပေးပေး အိမ်ထဲဝင်ဦးလေ သားရဲ့ ညစာပါတစ်ခါ တည်းဝင်စားလိုက် အဝတ်စားကတော့ သားဦးလေး အင်္ကျီတွေရှိတာဘဲလေ "

" အေးလေ မိနေကလဲ အိမ်ဝင်ပါဦး "

" မဝင်တော့ဘူး အန်တီ‌မျိုး တော်ကြာအဖွားစိတ်ပူ နေမှာစိုးလို့ နဲနဲမှောင်နေပီမလို့‌ ပြန်တော့မယ် မိမိုး နင့်လွယ်အိတ် ပေးခဲ့ပီ "

" အေးအေး သေချာပြန်ဦး "

" အေးပါ အန်တီမျိုးသား ပြန်ပီ "

" အေးအေး အိမ်ကြနွေးနွေးထွေးထွေးဝတ်ဦးနော်"

" ဟုတ်ကဲ့ "

ကျွန်တော်နှင့် ချေမိုးကအငယ်ထဲက အတူတူစား အတူတူကစားခဲ့ကြသည့် ငယ်ပေါင်းတွေပင်။ကျွန်တော်တို့မိသားစုမှာ ဖေဖေရော မေမေရော ဝန်ထမ်းတွေဖြစ်တာကြောင့် တာဝန်ကျရာသို့သွားရ သည်။ကျွန်တော်တို့မောင်နှမ နှစ်ယောက်ကတော့ အဖွားနှင့်သာ နေခဲ့လေ့ရှိသည်။ဒါပေမယ့် ညီမလေး က‌ငယ်သေးတော့ မေမေနှင့်သာအနေများသည်။ဖေဖေရော မေမေကပါ ခေါ်ပေမယ့်လဲ ကျွန်တော်က သာအဖွားနဲ့သာနေခဲ့သည်။အဖွားချစ်လေးပေါ့ဗျာ...။
အ့ခုဆို ကျွန်တော်ပင် အထက်တန်းရောက်နေပီ..။ အစိမ်းနုရောင် နှစ်ထပ်တိုင်လေးကို မြင်နေရပီဖြစ်၍ ကျွန်တော်အား စိုက်နင်းလာခဲ့သည်။

" အဖွား သားပြန်ရောက်ပီ "

" မြေးလေးနောက်ကျလှချည်လား ချေမိုးလေးရော အိမ်ပို့ခဲ့လား "

" ဟုတ်တယ် အဖွားရဲ့ မိုးရွာတော့နဲနဲနောက်ကျသွား တာ မိမိုးလဲ သူ့အိမ်ကိုပို့ခဲ့တယ် အန်တီမျိုးကတောင် အိမ်ဝင်ဖို့ပြောနေသေးတယ် သားလဲ အဖွားစိုးရိမ်နေ မှာဆိုးလို့ မဝင်တော့ဘူးလို့ပြောခဲ့လိုက်တယ် "

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now