🖤 Part- 20 🖤

819 46 0
                                    

[ Unicode ]

အခန်းတံခါးလေးအား မှီကာ မေယုငိုကြွေးမိသည်။ မေယု အဘယ်သို့ လက်လွှတ်ရက်မည်လဲ ။ထိုလူသားက သူမအတွက် အရာရာဖြစ်နေသည်လေ။ မိမိမဟုတ်တဲ့ တခြားသူစီမှာ ပျော်ရွှင်နေတတ်သည့် ချစ်ရသူကို စိတ်ချမ်းသာစေချင်ပေမယ့် လက်လွှတ်ဖို့ကျပြန်တော့လဲ မေယုရင်ကွဲရ‌ချည်ရဲ့ ။

" မေယုဘာလုပ်ရမလဲ ၊ မေယု .မေယု ရူးတော့မှာဘဲ ကိုရယ် "

နောက်နေ့နံနက်၌

" အဖွား မေယုပြန်တော့မယ် ၊ မေယုခွင့်ယူထားတာလဲ ကြာနေပြီမို့ "

ထိုစကားကြားတော့ ဘေးမှချစ်ရတဲ့လူသားရဲ့ အံ့ဩသည် ထက် စိုးရိမ်စိတ်တို့ပါဝင်နေသည့် အကြည့်တစ်ချက်က မိမိထံ တည့်မက်စွာ ‌ရောက်ရှိလာ၍ ပြုံးပြကာ

" မစိုးရိမ်ပါနဲ့ မေယုစဉ်းစားပြီးရင်  ဖုန်းဆက်လိုက်ပါမယ် ဒါပေမယ့် မေယု နောက်ဆုံးချိန်ထိ ကြိုးစားချင်သေးတယ် ရမလား "

" ဒါကတော့ မေယုသဘောပါ ကျွန်တော်ကတော့ အဆုံးထိ ချေမိုးလက်ကိုဘဲ ဆွဲထားမှာမို့ သူကိုယ်တိုင်က လက်လွှတ် ပေးမယ်ဆိုရင်တောင် ကျွန်တော်က မလွှတ်တမ်းဆွဲထား ဦးမှာဘဲ , မေယုပြန်မှာဆို ကျွန်တော် အထုတ်တွေချထား ပေးမယ် "

ဟုဆိုကာ အပေါ်ထပ်သို့တက်သွားသည့် ထိုလူသားက ယုံကြည်မှုအပြည့်ဖြင့် စကားအကုန်ဖွင့်ဟသွားခဲ့သည်။
အဖွားအားနှုတ်ဆက်ကာ အပေါ်ထပ်သို့တက်လိုက်လာခဲ့ သည်။

" အဖွား "

ဘေးနားသို့ ကပ်ကာ တီးတိုးပြောလာသည့် ပန်ပန်အား ပြောဆိုသည့် သဘောဖြင့် မေးငေါ့ပြလိုက်တော့

" အဖွားဘယ်သူနိုင်မယ်ထင်လဲ ၊ သမီးကတော့ မမချေမိုး ဘက်က အဖွားကရော "

" ဘယ်သူနိုင် ၊ မနိုင်ဆုံးဖြတ်ရအောင် ဒါလွန်ဆွဲနေတာမှ မဟုတ်ဘဲ "

" ဟာာ အဖွားကလဲ ဘာကွာလို့လဲ မမချေမိုးဘက်က အားသာမလား ၊ မမမေယုဘက်ကအားသာမလား စိတ်ဝင်စားစရာဘဲ ကြားကကိုကိုကတော့ သေဖို့ပြင်ထားဘဲ ဖူးး အသက်ရှူမချောင်ပါလား 😤 လုပ်ပါ အဖွားရဲ့ လောင်းရအောင်ပါ ပြောပြော အဖွားကဘယ်သူဘက်ကလဲ"

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Onde histórias criam vida. Descubra agora