[Unicode ]
" ချေမိုး မပြီးသေးဘူးလား "
" ပြီးပါပီဟ တကယ်ထဲ ဇွတ်တွေခေါ်နေတာ "
ဝေယံတို့အား ရွာရှူခင်းပြရင်း စက်ဘီးထွက်ရန် အကုန်ပြင်ဆင်ပြီးပေမယ့် ချေမိုးတစ်ယောက်ထွက်မလာ သေး၍ စောင့်နေရခြင်းပင် ။ထိုစဉ် ယုံကြည်မှုအပြည့်နှင့် ထွက်လာသည့် ချေမိုးအားမြင်၍ ညှိစရာမလိုဘဲ ပြိုင်တူရီကုန်သည်။မေယု၊ ဝေယံနှင့် မင်းထက်ကတော့ ရီရမှာ အားနာ၍ထင် ပြုံးစိစိနှင့် နေသွေးမှာတော့ ဗိုက်နှိပ်ကာ အရီမရပ်တော့ ......
ဟားးးးးးးးးးး
"နေသွေး ဘာရီတာလဲ "
" ဒီလောက်ကြာအောင်ပြင်ထားတာ ဒီရုပ်ထွက်လာတာလား"
" ဘာဖြစ်နေလို့လဲ ငါလှနေလို့လား ဟီးးးးငါထင်ပါတယ် ငါကပြင်လေ ချောလေဆိုတော့ "
" မေယုရယ် အဲ့ဒီအရူးကို ဘာတွေမြှောက်ပေးလိုက်တာလဲ "
" မေယုကမမြှောက်ပေးပါဘူး မေယုကမိတ်ကပ်လေးနဲ့ လှတော့ ငါလဲအားကျတာပေါ့ အ့ကြောင့် နဲနဲတောင်းလိမ်းထားတာ "
" နဲနဲလား ငါကတစ်ဘူးလုံးလိမ်းလာတာထင်နေတာ "
" နေသွေး နင်နော်, ဝေယံ ငါအ့လောက်ကြည့်ရတာ ဆိုးနေလို့လား "
" ဟမ် ...မ..မဆိုးပါဘူး လှပါတယ်..နော် မင်းထက် "
" အင်း ...လှပါတယ် "
" မြင်လား နင်ဘဲအမြင်မရှိတာ နင်ကငါ့ဆို လှောင်ဖို့ဘဲချောင်းနေ "
" အဲ့ဒီအရူးနှစ်ကောင်ပြောတာတွေ ယုံမနေနဲ့ မှန်မရှိဘူးလား အပြောခံနေရမယ် ချေမိုးရာ နဂိုအတိုင်း သနပ်ခါးလေးဘဲ လိမ်းပါဟာ အ့ခုရုပ်ကြီးက ပါးကလဲ စွတ်ပနီတုပ်ထားတဲ့ အတိုင်းဘဲ ရဲလို့ မျက်ခုံးမွှေးဆွဲထားတာလဲ မျှော့ကြီး ကောက်တင်ထားတာလား အောက်မေ့ရတယ်၊ မှန်းစမ်း မျက်ခုံးမွှေးပေါ်တင်လာတွေကလဲ လက်နဲ့ခြစ်ချလို့တောင် ရတယ် လူက အုတ်မှုတ်ခွက်ကေနဲ့ နင်ပြင်ထားတာနဲ့တော့ ကြည့်လှပီ "
" တော်ပါ နေသွေးရာ ချေမိုးပြန်ပြင်ဦးမယ်ဆို ငါတို့မသွားရဘဲနေလိမ့်မယ် ,လာ သွားမယ် ချေမိုးလဲလှတယ် "
YOU ARE READING
👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )
Romance[ Unicode ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... [ Zawgyi ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... START DATE - 6 . 8 . 2021 END DATE- 6 . 10 . 2...