[ Unicode ]
" ဖွားဖွား မီးမီးတို့လာပီ "
" အမလေး အဖွားမြေးလေး လာပါဦးတော် "
အဖွားကတော့ သူ့မြေးအားပွေ့ဖတ်ရင်း အထဲသွားလေသည်။ကျွန်တော်ကတော့ အထုပ်တွေ သယ်ရင်းတဲ့သာ နောက်မှလိုက်လာခဲ့ရသည်။
" အမေ ဒါအမေ့အတွက် လိုအပ်မယ်ထင်တာလေးတွေ "
" မလိုပါဘူး ငါ့သမီးရယ် အမေ့အတွက်က "
" ကိုကို မမချေမိုးတို့ဆီသွားမယ်လေ မီးမီးလာတာ မသိဘူးထင်တယ် "
" ခဏလေးတော့နားပါဦး ချစ်မွှေးလေးရယ် ကိုကိုပြောထားပါတယ် ခဏနေလာလိမ့်မယ် "
ထိုစဉ် အိမ်ရှေ့မှ
" နေသွေးရေ့...အဖွား...."
" ဟော ကိုကိုမပြောဘူးလား ဒင်းကသူ့အကြောင်းပြောရင် ရောက်ရောက်လာတယ် ဘာတွေများလုပ်ထားလဲမသိဘူး ၊လာ ငမွှေထိုးမ အ့ခုဘဲ ပန်ပန်ကနင့်ဆီသွားမယ်လုပ်နေတာ "
" ဝါးး ပန်ပန်လေး မမဆီလာပါဦး ရားးးးခန္ဓာကိုယ်ကြီးက မချီနိုင်တော့ဘူးဟ "
" မီးမီးက ကြီးလာပြီလေ "
" နင့်လို ပေမမှီဒေါက်မမှီများမှတ်နေလား "
" ဟင်းးးးနင်နော် ...ရန်လာမစနဲ့ "
" မမလာ ပန်ပန်မမအတွက် မော်လ်ဒယ်အရုပ်မဝယ်လာတယ် "
" အန်တီပြောတာကို မရဘူးသမီးရေ တခြားဟာဝယ် ပါဆိုတာကို အတူတူကစားရအောင်လို့တဲ့လေ "
" ဟမ် ပန်ပန်လေးက မမကိုငယ်မူပြန်အောင် လုပ်နေပြန်ပီ "
" ချစ်မွှေးလေးက အ့လိုတွေဝယ်လာလို့ သူကနဂိုထဲ ကကျပ်ဘဲမပြည့်တာ အ့ခုငယ်မူပါပြန်တော့မယ်"
" ကိုကိုကလဲ အ့လိုမပြောပါနဲ့ မမ ပန်ပန်ကမသိလို့နော် အရင်ကလဲ ဒီလိုဘဲဝယ်လာနေကြဆိုတော့ ဒါဘဲကြိုက်မယ်ထင်လို့နော် "
" ရပါတယ် မမက ပန်ပန်ပေးတာအကုန်ကြိုက်ပါတယ်ရှင် မမပြန်တော့မယ် ပန်ပန်လိုက်မလား "
" ဟုတ် ၊မေမေ မီးမီး မမနဲ့လိုက်သွားမယ်နော် "
" အေးအေး သိပ်မဆိုးနဲ့နော် ပန်ပန် မမကိုလဲအားနာဦး"
STAI LEGGENDO
👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )
Storie d'amore[ Unicode ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... [ Zawgyi ] ချစ်နေရက်နဲ့ ဖွင့်မပြောနိုင်တဲ့ ကိုယ်တို့နှစ်ယောက်အတွက် စည်းလေးကခြားထားဆဲပါလား.......... START DATE - 6 . 8 . 2021 END DATE- 6 . 10 . 2...