🖤 Part- 12 🖤

565 45 3
                                    

[ Unicode ]

" အင်းးးး "

ဝိုးတဝါးမြင်နေရသည့် အရောင်ဖျော့ဖျော့ မျက်နှာကျက် ကြောင့် ဘယ့်သူ့အခန်းမှန်း ချေမိုးတက်အပ်သိခဲ့သည်။ ဘေးကိုကြည့်မိမှ ငုတ်တုတ်ငိုက်နေသည့် အနေအေးသော ထိုလူသား ...။ အရောင်တောက်ရင် မကြိုက်သည့် ထိုသူ၏ အကျင့်က အိပ်ခန်းကအစ, ခပ်မှိန်မှိန်နှင့်သာ..။
ထိုသူ၏ အစိတ်အပိုင်းတစ်ခုဆီအား ကြည့်နေရင်းမှ ခပ်စိပ်စိပ်မျက်တောင်တို့ လှုပ်ခက်လာကာ နိုးထလာသည်။

" ချေမိုးနိုးနေတာလား ဘယ်လိုနေသေးလဲ နာတာကိုက်တာမျိုးရော ရှိလား "

ခေါင်းခါရုံသာ ချေမိုးစွမ်းသာ၏။ အပြင်ဒဏ်ရာထက် အတွင်းဒဏ်ရာက ပို၍ စူးနစ်နေသဖြင့် စကားပြောဖို့ပင် မစွမ်းသာခဲ့..။ ဖေဖေ့အကြောင်းမေးချင်ပေမယ့် ရရှိလာမယ့် ရလဒ်အတွက် ချေမိုးခံနိုင်ခြင်းမရှိသေးပါ။

" နေသွေး ငါဗိုက်ဆာတယ် ငါ့ကိုတစ်ခုခုလောက်ကျွေးပါလား "

" အင်း ခဏလေးနော် "

ကဗြာကယာ ထွက်သွားသည့် နေသွေးအား ချေမိုး သွေသွေ လေးငေးကြည့်ကာ စကားတစ်ချို့အား နှုတ်မှခပ်တိုးတိုး သာဆိုမိသည်။
ခဏအကြာ လက်ထဲတွင် ဆန်ပြုတ်ပန်းကန်အား ကိုင်ကာ ခပ်သွက်သွက်ပြန်ရောက်လာသူ

" ချေမိုး ရော့ "

ချေမိုးအား ထူပေးကာ ကုတင်ဘောင်အား ခေါင်းအုံးခုကာ ငုတ်တုတ်ထိုင်စေသည်။
ဆန်ပြုတ်ပန်းကန်အား ကြည့်ကာ ချေမိုးမျက်ရည်တို့ တသွင်သွင် စီးကျလာပြန်သည်။ ပါးမို့မို့ထက်စီးဆင်းလာ သည့် မျက်ရည်နှစ်သွယ်အား နေသွေး ခပ်ဖွဖွလေးသုပ်ပေး လိုက်သည်။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တော့ ကံကံ၏အကျိုး ကို ခံစားရပါ‌တော့မလား ...။
လောကကြီးက အချိုတလှည့်အခါးတလှည့်နှင့် ကံကြမ္မာစက်ဝန်းမှာ black ‌coffeeတစ်ခွက်လို အရသာအား တမြေ့မြေ့နှင့် မြည်းစမ်းစေခဲ့သည်လား..။

" ကြိုတွေးပြီးသားဆိုပေမယ့် ဖေဖေ့ရောဟင် နေသွေး "

" ဆေးရုံရောက်တာ နောက်ကျသွားခဲ့တော့ .."

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now