🖤 Part- 23 🖤

866 45 0
                                    

[ Unicode ]

" ကိုကိုဝေယံ ကိုကိုရော "

" အပေါ်ထပ်မှာထင်တယ် ကိုကိုတို့လဲ သူတို့ကိုနှုတ်ဆက်ဖို့ ရှာနေတာ ဘာဖြစ်လို့လဲ ပန်ပန် "

" ဟင် ဘာမှမဖြစ်ပါဘူး ၊ မေမေတို့လဲပါတယ်လေ အနောက်မှာ မနက်ဖြန်ပြန်မှာမလို့ ကိုကိုတို့ကို မှာစရာရှိတာမှာရအောင် ဆိုလို့ ပန်ပန်ရှေ့ပြေး‌အနေနဲ့ ကိုကိုတို့ကို လာရှာတာ "

" ဟုတ်လား ကိုကိုတို့လဲ အ့ခုလေးတင် ပြန်ဖို့ပြင်ဆင်ပြီးတာ အ့တာနှုတ်ဆက်ဖို့ ရှာမလို့ပြင်နေတာ ပန်ပန်လာတာနဲ့ ‌အတော်ဖြစ်သွားတယ် အ့ဆို ကိုကိုတို့က နှုတ်ဆက်သွား တယ်လို့ပြောလိုက်ပါဦး ကိုကိုတို့ အပေါ်ထပ်မလိုက်တော့ ဘူး အန်တီတို့လဲ နှုတ်ဆက်တယ်လို့ပြောလိုက်ဦးနော် "

" ဟုတ် ပန်ပန်ပြောလိုက်ပါ့မယ် တာ့တာ "

" အင်း တာ့တာ "

ခြံဝန်းထဲမှ ကားလေးထွက်သွားသည်ကိုတော့ အပေါ်မှ အချစ်ငှက်နှစ်ကောင်ကတော့ သိလိုက်မည်မဟုတ်။

" ကိုကိုရေ....ကိုကို ...မမချေမိုး... ဘယ်ရောက်ကုန်ကြ ပါလိမ့် မြေလျှိုးမိုးပျံကုန်တာလား ၊ ကိုကို့.... မမ.. "

ရုတ်ချည်းဆိုသလို အသံတစ်ကြော်ကြော်နှင့်‌အော်ခေါ်နေ သည့် ပန်ပန်တစ်ယောက် အခန်းတံခါးကြီးဖွင့်ကာ ပါးစပ်အဟောင်းသားနှင့် ငေးနေမိသည်။ ပါးစပ်လေးကို လက်ကလေးဖြင့် ပိတ်ပြီး အခန်းတံခါးလေးကိုလဲ ပိတ်ကာ ပြုံးစိစိနှင့်ထိုနေရာလေးမှ အမြန်ခြေသုတ်သင်လာသည်။

ထိုအချိန် အိမ်ထဲသို့ဝင်လာသည့် အဖွားအပါအဝင် ‌ဖေဖေနဲ့ မေမေတို့ကတော့ လှေကားအဆင်းတွင် ပါးစပ်လေးအုပ်ကာ တဝါးဝါး ဖြစ်နေသည့် ပန်ပန်အဖြစ်အား ကြည့်ကာ

" သမီး ဘာဖြစ်လို့လဲ ကိုကို‌တို့ရော ဘယ်သွားကုန်ကြလဲ "

မေးသမျှ ဘာမှမဖြေပါဘဲ ဆေးမိထားသူလို ပြုံးပြုံးကြီး ငုတ်တုတ်မေ့နေသည့် ပန်ပန်အား စိတ်မရှည်၍ ဒေါ်မူယာခင် အပေါ်ထပ်သို့ တက်ရန်ပြင်လိုက်ပေမယ့် အရှေ့‌လှေကားထိပ်မှပိတ်ထားသည့် ‌ဘေးကသမီးဖြစ်သူမှာ အ့ခုနကသူမဟုတ်သလိုပင် ။

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Donde viven las historias. Descúbrelo ahora