🖤Part -3 🖤

777 48 12
                                    

[ Unicode ]

" နေသွေး....သူငယ်ချင်းလေး ငါဝင်လာမယ်နော်"

" နင်ဟာ လူမရောက်သေးဘူး အသံကနင့်အိမ်လောက် ကတည်းကကြားနေရတယ်"

" နင်ကလဲ ငါကလေ နင့်ကိုစားစေချင်လွန်းလို့ ကြက်သားဆန်ပြုတ်လေးကို ငါကိုယ်တိုင်အပင်ပန်း ခံပြီးသယ်လာရတာကို ဟွင့်..စိတ်မကောင်းအောင် သိပ်ပြော "( ချွဲသံဖြင့် )

" ချေမိုး ဘယ်လိုကြီးပြောနေတာတုန်းဟာ ဆက်ပြောရင် ငါထ ကန်မှာနော် "

" နင်က ငါ့ကိုကန်ရက်တယ်ပေါ့ အေးပါဟာ .."

နေသွေးမှာစိတ်ပျက်တယ် ဆိုသည့်အကြည့်ဖြင့် အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့သာ သက်သေပြလိုက်သည်။

ဗုန်း.......

" သူတောင်းစား နေသွေး....အီး....နာလိုက်တာ "

" ဟဲ့ မြေးလေးဘာဖြစ်.......တာလဲ "

မီးဖိုချောင်ထဲ ထမင်းချက်နေသည့် အဖွားသည် ယောင်းမကြီးကိုင်ကာအရေးကြီးသုတ်ပြာနှင့် မေးလာရင်း ကုတင်ခြေရင်းတွင် ကျုံ့ကျုံ့လေးလဲနေသည့် ချေမိုးကြောင့် ပြောလက်စ စကားတွေပင် ထစ်ကုန်သည်။ဟိုငမွှေထိုးမကတော့ အ့ခုမှမကျသည့်မျက်ရည်အား ဇွတ်တွေညှစ်ချကာ ငိုယိုနေသည်။

" အဖွား သူကလေ သမီးကို ကုတင်ပေါ်က ကန်ချတယ် အီးးးးးးးးး"

"မြေးရယ် ဘာလို့အ့လိုလုပ်ရတာလဲ ထထ ချေမိုးလေးထ "

" သမီးဘက်မှာ အဖွားဘဲရှိတယ် ... အဖွားကအကောင်းဆုံးဘဲသိလား "

"အဖွားရယ် အ့ဟာမကို အပြင်ခေါ်သွားလိုက်ပါဗျာ ကိုယ့်ဘာသာကိုအေးအေးချမ်းချမ်းမနေရဘူး "

" ငါက နင့်ကိုပျင်းနေမှာဆိုးလို့ စေတနာနဲ့လာတာဟဲ့ မလာဘူး နောက်နေ့တွေလဲ မလာတော့ဘူး ငါ့ဆန်ပြုတ်လဲမသောက်နဲ့ ပြန်ယူသွားပစ်မယ် "

" ယူသွား ယူသွား ငါမျက်စိနောက်သက်သာရင် ပြီးရော ကြွမှာဆို မြန်မြန်သာကြွ "

" သွားမာ သွားမာ "

" ဟဲ့ ဟဲ့နေကြပါဦး အော် ဒီကလေးတွေကတစ်မျိုး အောက်ကဟင်းအိုးကတစ်မျိုးနဲ့ ရူးချင်လာပီ "

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Where stories live. Discover now