🖤 Part- 7 🖤

609 45 2
                                    

[ Unicode]

" မေမေ မီးမီး ဖွားဖွားနဲ့ နေခဲ့မယ်နော် "

" မရဘူး ပန်ပန် မေမေတို့နဲ့ပြန်လိုက်ခဲ့ရမယ် ၊အဖွားကို ဒုက္ခထပ်မပေးနဲ့တော့ "

" ဘာဒုက္ခမှမပေးပါဘူး မေမေကလဲ မီးမီး အဖွားနဲ့နေချင် လို့ပါ "

" မရဘူးဆို မရဘူးဘဲ "

" ဖေဖေ မေမေ့ကို ပြောကူပါဦး မီးမီး ဖွားဖွားနဲ့နေခဲ့ချင်လို့ ပါနော် "

" ဖေဖေလဲ သမီးမေမေကို ကြောက်တယ် မပြောကူရဲပါဘူး ကိုယ့်ဟာကိုပြော "

" ဖေဖေကလဲ အားမကိုးရဘူး, ဖွားဖွား မီးမီးကိုပြောကူပါ နော် မီးမီးဖွားဖွားနဲ့ နေခဲ့ချင်လို့ပါနော် "

" ပန်ပန် မေမေက မရဘူးဆို မရဘူးနော် ၊အထွဋ်မတတ်နဲ့ "

" မေမေတို့က ကိုကို့တုန်းကကြ နေခိုင်းပြီးတော့ ဘာလို့ ပန်ပန်ကြမရ ရတာလဲ "

" ကိုကိုနဲ့ ညည်းနဲ့တူလား တော်ပီ ငါ့အမေကို ဒုက္ခထပ်မပေး နဲ့တော့ ညည်းသာနေခဲ့ရင် ငါ့အမေကို ညည်းကဆိုးတော့မှာ မရဘူးဆို မရဘူးနော် ပန်သွေးခြယ် "

" မေမေရော ဖေဖေရော တစ်ယောက်မှမကောင်းဘူး "

ငိုယိုကာ အခန်းထဲဝင်သွားလေသည်။ ထိုစဉ် အိမ်ထဲသို့ ဝင်လာသည့် နေသွေးကြောင့်

" သားလေစိမ်းတွေတိုက်တယ် ပြန်ဖျားလိမ့်ဦးမယ် "

" ဟုတ်ကဲ့ သားနားတော့မယ် "

မောင်နှမနှစ်ယောက်သား တစ်ယောက်က ငိုယိုကာ အခန်းထဲဝင်သွားသလို နောက်တစ်ယောက်ကလဲ စိတ်နဲ့လူ မကပ်စွာ ‌ကုပ်ချောင်းချောင်းနဲ့ပင်အခန်းထဲ ဝင်သွားပြန် သည်။

" မူယာရယ် ကလေးတွေကို အ့လောက်ကြီး ဖိအားမပေးပါနဲ့ သူတို့ စိတ်ချမ်းသာသလိုနေပါစေ "

" အေးလေ သမီးရယ် ပန်ပန်လေးကို မေမေနဲ့ထားခဲ့လိုက်ပါ မေမေ့အတွက်ဘာမှ အပန်းမကြီးပါဘူးကွယ် "

" အ့ခုတော့ ဒီကလူဆိုးမကြီးပေါ့ ဒါပေမယ့် သမီးစိတ်တိုင်း ကျဖြစ်သည်အထိတော့ လူဆိုးမကြီး လုပ်ရဦးမှာဘဲ "

👉Chaos with You and Me👈 ( ပရမ်းပတာ မင်းနဲ့ငါ )( Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ